မူးယစ်မှောင်ခို ရာနေးလောရန့်စ် ကတော့ အင်းဒိုနီးရှားနိုင်ငံ ဘာလီအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၃ နှစ်ကျခံပြီးနောက် နိုဝင်ဘာ ၂၂ ရက်နေ့မှာပြန်လည်လွတ်မြောက်လာခဲ့ပြီပဲဖြစ်ပါတယ်။

၎င်းမူးယစ်မှောင်ခိုသမားဟာ သြစတြေးလျနိုင်ငံသားတစ်ဦးဖြစ်ပြီး ဘာလီနိုင်းဂိုဏ်းဝင်လို့ လူသိများသူတစ်ဦးပဲဖြစ်ပါတယ်။  

လောရန့်ကတော့ ၂၀၀၅ ခုနှစ်တုန်းက ကိုယ်ပေါ်မှာ ဘိန်းဖြူ ၂ ဒသမ ၇ ကီလိုတွေ့ရှိမှုနဲ့ ဒန်ပါဆာ လေဆိပ်မှာ အဖမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။

ဖမ်းမိချိန်မှာတော့သူဟာ တရားရုံးရဲ့ဆုံဖြတ်ချက်နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းထိ ချမှတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ 

အဲ့ဒီနောက်မှာတော့ သူဟာ စုံစမ်းရေးမှူးတွေနဲ့ပူးပေါင်းပြီး အခြား ဘာလီနိုင်းဂိုဏ်းဝင်တွေကို ဖွင့်ချပေးခဲ့တဲ့အတွက် ထောင်ဒဏ် အနှစ် ၂၀ ထိလျော့ပေါ့ပေးခံခဲ့ရပါတယ်။

အခုအချိန်မှာတော့ လောရန့်ဟာ ထောင်ထဲမှာ ကောင်းမွန်စွာ နေထိုင်ခဲ့တဲ့အတွက် နောက်ထပ် ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်လျော့ပေါ့ခံရပြီး ပြန်လည်လွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။

source -dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။