၁၂ လ ရာသီဖွားလေးတွေက တစ်လချင်းအလိုက် ဘယ်လိုရာသီဖွားတွေက ဘယ်လိုမျိးဝေဒနာလေးတွေခံစားရလဲဆိုတာကို ေဖာ်ပြပေးလိုက်ပါတယ်နော်။ ကိုယ်ချစ်သူ ခင်သူ တွေမှာ ဒီလိုရာသီဖွားလေးတွေပိုင်ဆိုင်ထားတယ်ဆိုရင် သူတို့တွေကိုပိုဂရုစိုက်လို့ရအောင်လို့ တင်ပြလိုက်ရပါတယ်နော်။

ပထမဆုံးအနေနဲ့ မိသာရာသီဖွား ကတော့ မတ်လ(၂၁)ကနေ ဧပြီ(၁၉) ရက်အတွင်းမှာမွေးဖွားတဲ့သူဖြစ်ပါတယ်။ သူတို့လေးတွေက ဆံသားတွေ ခြေသည်းလက်သည်းတွေ ပျက်စီးလွယ်တယ်၊ စိတ်ထိခိုက်လွယ်တယ်၊ မိန်းကလေးတွေ အနေနဲ့ ဒီရာသီခွင်ကတော့ ဂရုစိုက်ရမယ်နော်။ ပြီးတော့ ဧပြီ(၂၀)ကနေ မေလ(၂၀)အထိကတော့ ပြိသာရာသီဖွားပဲဖြစ်ပါတယ်။သူတို့တွေကတော့ အဆုတ်နဲ့ပတ်သက်တဲ့ ဝေဒနာ၊ အစာအိမ် အူလမ်းကြောင်းတွေနဲ့ ပတ်သက်တဲ့ ဝေဒနာတွေ အဖြစ်များကြပါတယ်။မေလ(၂၁)မှ ဇွန်လ(၂၀)ရက်အတွင်းမွေးဖွားသူများကို မေထုန်ရာသီဖွားများဖြစ်ကြ ပြီးထိခိုက်ဒဏ်ရာ နဲ့ နှလုံးရောဂါ၊ သွေးတိုး မျိုးပွားခြင်းဆိုင်ရာ အားနည်းချက်တွေ ရှိတဲ့ ဇာတာရှင်ပဲဖြစ်ပါတယ်။နောက်ထပ် ကရကဋ်ရာသီဖွား တွေကတော့ ဇွန်လ (၂၁)မှ ဇူလိုင်လ (၂၂) အတွင်းမွေးဖွားသူများဖြစ်ပါတယ်။စိတ်ထိခိုက်လွယ်တယ်၊ မျက်စီ၊ အစာအိမ်၊ အဝလွန်ခြင်း စတဲ့ ဝေဒနာ တွေခံစားရတတ်ပါတယ်။

သိဟ်ရာသီဖွားတွေကတော့ ဇူလိုင် (၂၃)မှ သြဂုတ်လ (၂၂) အတွင်းပဲဖြစ်ပါတယ်။နှလုံး၊သွေးတိုး၊အဖြစ်များတတ်ပါတယ် သတိထား ဂရုစိုက်ပါ။ ကန်ရာသီဖွားတွေကတော့ သြဂုတ်လ( ၂၃ )မှ စက်တင်ဘာလ (၂၂) အတွင်းပဲဖြစ်ပါတယ်။မိန်းကလေးတွေ အနေနဲ့ ထွေထွေထူးထူးမရှိကြပါဘူး။ အမျိုးသားတွေ အနေနဲ့ အမျိုးသားရောဂါနဲ့ ဆိုင်တဲ့ ဝေဒနာတွေခံစားကြရမှာဖြစ်ပါတယ်။စက်တင်ဘာ (၂၃)မှ အောက်တိုဘာ (၂၃) ထိမွေးဖွားသူတွေက အစာအိမ်၊ အဆစ်ရောင်၊ လေးဖက်နာ အရိုးနဲ့ ပတ်သက်တဲ့ဝေဒနာတွေ ခံစားကြရတတ်ပါတယ်။ဗြိစ္ဆာရာသီဖွားတွေကတော့ အောက်တိုဘာ (၂၃)မှ နိုဝင်ဘာ (၂၁) ထိဖြစ်ပြီး သွေးနဲ့ပတ်သက်တဲ့ရောဂါ၊ ပန်းနာရင်ကျပ်၊ ကျောက်ကပ်စတဲ့ ဝေဒနာတွေဖြစ်တတ်ပါတယ်။ဓနုရာသီ ဖွား နိုဝင်ဘာ(၂၂)မှ ဒီဇင်ဘာ(၂၁) ထိမွေးဖွားသူကတော့ ကျန်းမာရေးကောင်းတဲ့ ဇာတာရှင်တွေ ဖြစ်ပါတယ်။ 

မကာရရာသီဖွားကတော့ ဒီဇင်ဘာ(၂၂)ဇန်နဝါရီ (၁၉) အတွင်းဖြစ်ပြီး အရိုးနဲ့ပတ်သက်တဲ့ဝေဒနာတွေခံစားကြရပါတယ်။ ကုမ်ရာသီဖွားကတော့ ဇန်နဝါရီ(၂၀)မှ ဖေဖော်ဝါရီလ(၁၈)အတွင်းဖြစ်ပြီး နာတာရှည်ဝေဒနာကိုခံစားရတဲ့သူတွေပါ၊ မိန်ရာသီဖွားတွေကတော့ ဖေဖော်ဝါရီ(၁၉)မှ မတ်လ(၂၀) အထိမွေးဖွားသူများဖြစ်ပြီး အရေပြားရောဂါ၊ ဆံပင်ကျွတ်လွယ်ခြင်း၊ ခြေသည်းလက်သည်း ကြိုလွယ်ခြင်းတို့ ခံစားကြရမှာပဲဖြစ်ပါတယ်။

source: Health .com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။