တောင်ကိုရီးယားနိုင်ငံ မြို့တော်မှာတည်ရှိတဲ့ အကြီးဆုံး ခွေးသားသတ်ရုံကို သက်ဆိုင်ရာက ဖြိုခွင်းရှင်းလင်းတော့မယ်လို့သိရပါတယ်။အဆိုပါ သားသတ်ရုံဟာ တိုင်ပြုံဒုံအမည်ရပြီး တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်ရဲ့ တောင်ဘက်မှာတည်ရှိတယ်လို့သိရပါတယ်။ထိုသားသတ်ရုံအား၂ ရက်အတွင်း ဖြိုဖျက်မှာဖြစ်ပြီး အဲဒီနေရာမှာတော့ ပြည်သူပိုင် ပန်းခြံတခုတည်ဆောက်သွားမှာပဲ ဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ ခွေးသားကို အရသာရှိတဲ့ စားသောက်ဖွယ်ရာတခုအဖြစ် တချိန်က စားသုံးခဲ့ကြပေမယ့် ခုနောက်ပိုင်းမှာတော့သဘောထားကွဲလွဲမှုတွေရှိလာခဲ့တယ်လို့သိရပါတယ်။

နှစ်စဉ် နွေရာသီရောက်တိုင်း တောင်ကိုရီးယားနိုင်ငံမှာ ၃ ရက်တာ ကျင်းပလေ့ရှိတဲ့ နှစ်သစ်ကူးပွဲတော်မှာ ခွေးသားဟင်းလျာကို အထူးဟင်းလျာတခုအဖြစ် စားသုံးလေ့ ရှိကြတယ်လို့သိရပါတယ်။တိုင်ပြုံဒုံ ခွေးသားသတ်ရုံဟာ ကိုရီးယားတနိုင်ငံလုံးအတိုင်းအတာနဲ့ ၆ ရုံလောက်ရှိနေပြီး နိုင်ငံတဝှမ်းက စားသောက်ဆိုင်တွေကို ရာနဲ့ချီတဲ့ ခွေးတွေကို သတ်ပြီး အသားသွင်းတဲ့ အဓိကရင်းမြစ်တခုပဲ ဖြစ်ပါတယ်။အပြည်ပြည်ဆိုင်ရာ လူ့ဘောင်အဖွဲ့အစည်း (အိပ်ချ်အက်စ်အိုင်) မှ လှုပ်ရှားတက် ကြွသူတွေကတော့ သားသတ်ရုံတွင်းက အခြေအနေဟာ တကယ့်ကို သွေးပျက်ထိတ် လန့်စရာအခြေအနေလို့ ပြောပါတယ်။

ခုနောက်ပိုင်းမှာတော့ ကိုရီးယားလူမျိုးတွေဟာ အဲဒီ ၃ ရက်တာမှာ ခွေး သားအစား ကြက်စွပ်ပြုတ်ကို အစားထိုး စားသုံးမှုတွေရှိလာခဲ့တယ်လို့သိရပါတယ်။ဆိုးလ်မြို့မှာ ခွေးသားဟင်းလျာရောင်းချတဲ့ စားသောက်ဆိုင်အရေအတွက်ဟာလည်း တချိန်က ၁၅၀၀ လောက်အထိ ရှိခဲ့ပေမယ့် ၂၀၁၅ ခုနှစ်အရောက်မှာတော့ ၇၀၀အထိ ကျဆင်းလာတာပဲ ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ခွေးတွေကိုအစားအသောက်အဖြစ်အသုံးမပြုတော့ပဲ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူတာတွေ ပိုမိုများလာပါတယ်။လက်ရှိမှာတော့ ခွေးသားသတ်ရုံတွေကို ဘယ်လိုအရေးယူရမယ်ဆိုတဲ့ ဥပဒေကို နိုင်ငံတွင်းမှာ ချမှတ်ထားတဲ့ ဥပဒေ မရှိသေးဘူးလို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။