ခရီးသည်တွေ ကျွန်တော့်ကားကို စီးနေချိန်မှာ အဆင်ပြေစေလိုတဲ့ စေတနာနဲ ့လှူဒါန်းဖြစ်တာပါ လို ့ဆိုတဲ့ တက္ကဆီဆရာ ဦးမျိုးသက်

တက္ကဆီဆရာဦးမျိုးသက်ရဲ ့Hello Cab ကို စီးမယ်ဆိုရင်တော့ ကားထဲမှာ မြင်ရခဲတဲ့မြင်ကွင်းတစ်ခုကို တွေ ့မြင်ရမှာပါ ။ ရှေ ့ထိုင်ခုံ ၂ ခုမှာ ရေသန် ့ ၊

နေကြာစေ့ ၊ သကြားလုံး ၊ တစ်ရှူး ၊ လက်ဆေးဆပ်ပြာဆီ ၊ ဘီး ၊

မှန် ၊ ခေါင်းလိမ်းဆီ ၊ အုန်းဆီ ၊ ဆေးဝါးအစုံအလင်နဲ ့ပလာစတာတွေ ချိတ်ဆွဲထားပေးပါတယ် ။

ထိုင်ခုံအောက်မှာ အမှိုက်ပုံးသေးသေးလေးတစ်ခုလည်း ထားပေးထားပါတယ် ။ ထိုအကြောင်းနဲ ့ပတ်သက်ပြီး ကားဆရာကြီးက မိမိဆန္ဒအလျောက်

ခရီးသည်တွေကို လှူခြင်းဖြစ်ကြောင်းပြောပါတယ် ။

ယခုကဲ့သို ့လှူဒါန်းတာ ၃ နှစ်ရှိပြီဖြစ်ပြီး ကိုယ့်သောကနဲ ့ကိုယ် ခရီးသွားနေကြတဲ့ ခရီးသွားအချင်းချင်း သူတို ့လိုအပ်မယ် ထင်တာလေးတွေကို

တတ်နိုင်သလောက်ဖြည့်ဆည်းပေးချင်တာကြောင့်လို ့သိရပါတယ် ။

ရေသန် ့ဘူးတွေကိုတော့ ဖွင့်သောက်ပြီးတဲ့နောက် တစ်ခါတည်းယူသွားစေလိုကြောင်း နည်းနည်းသောက်ပြီးချန်ထားတဲ့အခါ နောက်လူတွေက

သူများသောက်ပြီးသားမသောက်ချင်မှာစိုး၍ဖြစ်ကြောင်းပြောပါတယ် ။

ယခင်က လက်ဆေးဆပ်ပြာဆီကို ဘူးသေးလေးတွေထားပေးပြီး တစ်ချို ့က သုံးပြီးတစ်ခါတည်းယူ

သွားကြောင်း ၊ စေတနာသုံးတန်ပြတ်ပြီးဖြစ်ပေမယ့် နောက်လူတွေ အသုံးလိုတဲ့အခါ မရှိမှာစိုး၍ ဘူးကြီးတွေသာ ထားပေးတော့ကြောင်း ၊ ယူသွားတာမျိုးလည်း မရှိတော့ကြောင်း ရယ်မောလျက်ပြောဆိုပါတယ် ။

ကားပေါ်မှာလှူဒါန်းထားပေးတဲ့ပစ္စည်းလေးတွေကို လိုလိုလားလားသုံးစွဲကြတိုင်းပီတိဖြစ်ရတယ်လို ့ဦးမျိုးသက်က ဆိုပါတယ် ။

မောမောပန်းပန်းနဲ ့ရေဆာလာတဲ့ခရီးသည်တွေ ရေဘူးလေးတွေကို သောက်တဲ့အခါနဲ ့ ”နေကြာစေ့မြင်ရင်မနေနိုင်ဘူး စားလို ့ရလား”ဆိုတဲ့

ကလေးမလေးတစ်ယောက် နေကြာစေ့ကို နှစ်နှစ်ခြိုက်ခြိုက်စားတာကို မြင်ရတဲ့အခါ တကယ်ကိုကြည်နူးရကြောင်းလည်းပြောပါတယ် ။

ခရီးသည်တွေကို စကားလက်ဆောင်ပါးခွင့်ရမယ်ဆိုရင်တော့ “ကျွန်တော်အခုလုပ်နေတာတွေဟာ ဝန်ဆောင်မှု မဟုတ်ပါဘူး ။ စေတနာအလှူသက်သက်ပါ ၊ ဝန်ဆောင်မှုဆိုတာ အသွားအပြန်အနေနဲ ့တစ်ခုခုပြန်လိုချင်လို ့ပေးတာ ။ ကျွန်တော်ကတော့ ခရီးသည်တွေ ကျွန်တော့ကားကို စီးနေချိန်မှာ အဆင်ပြေစေလိုတဲ့ စေတနာသက်သက်ပါ” လို ့ဦးမျိုးသက်က ဆိုပါတယ် ။

အခွင့်အခါသင့်လို ့ကြုံကြိုက်ကြမယ်ဆိုရင်တော ့ဦးမျိုးသက်၊ Cab no. 4G 5499 ဖြစ်ပါတယ် ။

ခရီးသွားများအနေနဲ ့လည်း စေတနာကောင်းတဲ ့ ဦးမျိုးသက်ရဲ ့အလှူကို စည်းကမ်းရှိစွာနဲ ့အသိအမှတ်ပြုကြပါစို ့နော် ။

Source: Yoyarlay  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။