ပြည်တွင်းမြန်မာ့ရိုးရာဓလေ့တွေကို ချစ်မြတ်နိုးကြတဲ့ ပြည်ပနိုင်ငံခြားသားများစွာရဲ့ ကြည်နူးစရာသတင်းတွေထဲမှာ အမေရိကန်ကျောင်းဆရာမလေးတစ်ဦးရဲ့သတင်းလည်း ပါဝင်နေတာတွေ့ရပါတယ်။ မြန်မာ့ဓလေ့၊ မြန်မာ့ရိုးရာတွေကို ချစ်မြတ်နိုးတဲ့အပြင် ပြည်တွင်းမြန်မာ့အခြေခံပညာသင်ကျောင်းတွေမှာကိုယ်ရောစိတ်ပါသွားရောက်သင်ကြားပေးလျှက်ရှိတာတွေ့ရပါတယ်။  

၎င်းဆရာမလေးကတော့ လက်ရှိ ပဲခူးတိုင်းဒေသကြီး (အရှေ့) သနပ်ပင်မြို့နယ်ရှိ မြန်မာ့စာသင်ကျောင်းတစ်ခုတွင် အင်္ဂလိမ်စာကိုအဓိကသင်ကြားပေးလျှက်ရှိကြောင်း သိရပါတယ်။ နှစ်ပတ်လည် မြန်မာရိုးရာပွဲတော်များမှာလည်း ပါဝင်ဆောင်ရွက်ခဲ့ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကိုချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ကြောင်း ကျေးရွာဒေသခံများရဲ့ပြောကြားချက်အရသိရှိရပါတယ်။  

စိတ်သဘောထားဖြူစင်သူတစ်ဦးဖြစ်တဲ့အပြင် ပညာသင်ကြားပို့ချရာမှာလည်း စေတနာ၊ ဝါသနာနဲ့ အနစ်နာခံဟူ၍ နာသုံးနာဖြင့်လုပ်ဆောင်ပေးခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ချစ်စရာအပြုံးလေးနဲ့ မြန်မာ့ပညာရေးနယ်ပယ်မှာပညာသင်ကြားပို့ချပေးနေတဲ့ အမေရိကန်နိုင်ငံသူ မြန်မာ့ကျောင်းဆရာမလေးရဲ့ ပုံရိပ်လေးတွေကို လေးစားဂုဏ်ယူစွာဖြင့် ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - Ashin Khay Mein Da

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။