ထိုကန်ကြီးကို Natron ရေကန်လို့ခေါ်ပြီး အာဖရိက အရှေ့ပိုင်းက တာဇန်းနီးယားနိုင်ငံမြောက်ပိုင်းမှာ တည်ရှိပါတယ်။ အလွန်အန္တရာယ်များတဲ့ ကန်ကြီးဖြစ်ပြီး သတ္တဝါအများစုက ရှောင်ရှားလေ့ရှိကြပါတယ်။ အပူချိန် ၁၂၀ ဒီဂရီဖာရင်ဟိုက် အထိမြင့်မားတတ်ပြီး ဆားဓာတ်အလွန်များပြားပြီး တိရစ္ဆာန်တွေကို အဆိပ်သင့်စေလို့ပဲဖြစ်ပါတယ်။ ဒီကန်မှာ Natron လို့ခေါ်တဲ့ သဘာဝဓာတ်တစ်မျိုးရှိတာကြောင့် Natron ကန်လို့ခေါ်တာပဲဖြစ်ပါတယ်။ 

ဒီဓာတ်ဟာ ပြင်းထန်တဲ့ထုံးဓာတ်တစ်မျိုးဖြစ်ပြီး တိရစ္ဆာန်တွေကို ရုပ်ကြွင်းအဖြစ်ပြောင်းလဲစေခဲ့တာပဲဖြစ်ပါတယ်။ ဒီကန်ဟာ အဆိပ်သင့်စေနိုင်တယ်လို့ အခိုင်အမာ သိထားပေမယ့်လည်း ဆားမြေပြင်လို ကျွန်းမျိုး ပေါ်ပေါက်လာတဲ့အခါမှာ ကြိုးကြာနီ အငယ်စားတွေ အတွက်တော့ ကနဦးပေါက်ဖွားရာ မြေပြင်တစ်ခုဖြစ်ပါတယ်။

“သူတို့ဘယ်လိုသေတယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်ပါဘူး။ ဒါပေမယ့် ကန်ရေမျက်နှာပြင်ရဲ့ သဘာဝဟာ သူတို့ကို စိတ်ရှုပ်ထွေးသွားစေပြီးတော့ ကန်ထဲကို ပြုတ်ကျသွားနိုင်တယ်လို့ အလွန်အမင်း စဉ်းစားကြည့်ရင်တော့ ပေါ်လွင်လာနိုင်တယ်။” လို့ ဒီဓာတ်ပုံတွေကို ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဆရာ Nick Brandt က ဆိုပါတယ်။ ဓါတ်ပုံဆရာ Nick Brandt ဟာ အဲဒီရေကန်စပ် တစ်လျှောက်မှာ ငှက်တွေ ၊ လင်းနို့တွေနဲ့ အခြားတိရိစ ္ဆာန်တွေရဲ့ ရုပ်ကြွင်းတွေကို ရိုက်ယူနိုင်ခဲ့ပါတယ်။ ဓါတ်ငွေ့ကာ အကျီ်ကို ဝတ်ဆင်ပြီးစွန့်စား ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။ 

Source : Thutazone 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။