၈တန်းကျောင်းသူနှစ်ဦးကို သားမယားအဖြစ်အကြိမ်ကြိမ်ကျူးလွန်သည့် ကျောင်းဆရာကို အရေးယူ

ရွှေညောင်ပင် အလက(ခွဲ)မှ သမိုင်းဘာသာရပ်သင်ဆရာ ဦးရန်နိုင်အသက်(၂၈)နှစ်သည် (၁၅)နှစ်အရွယ် (၈)တန်း ကျောင်းသူ တစ်ဦးအား ကျောင်းပိတ်ရက် အချိန်ပိုခေါ်ယူသင်ကြားချိန်များတွင် ဆရာများနားနေခန်း အတွင်း (၅)ကြိမ်တိုင် သားမယားပြုကျင့်ခဲ့ပြီး (၁၄) နှစ်အရွယ်(၈) တန်းကျောင်းသူတစ်ဦးအား ညနေကျောင်း ဆင်းပြီးချိန်များတွင် စာသင် ခန်းအတွင်း (၃)ကြိမ် တိုင်တိုင်သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ကျိုက်လတ်မြို့မ ရဲစခန်းမှ စစ်ဆေးချက်များအရ သိရသည်။

“တစ်ယောက်ကတော့ ကျောင်းပိတ်ရက် မနက်ပိုင်းတွေမှာ အချိန်ပိုခေါ်ရင်းကျူးလွန်တာ၊ ကလေးမလေးကို ခေါ်ပြီး အမှတ်ကူဖျက်ခိုင်း နှိပ်ခိုင်းတာတွေ ရှိတော့ တခြားကျောင်းသားတွေကို စာကျက်ခိုင်းထားပြီး ဆရာ များနားနေခန်းမှာ ကျူးလွန်တာ၊ တစ်ယောက်က တစ်လမ်းတည်းနေတော့ ကျောင်းဆင်းချိန် အတူတူပြန်ရင်း ညနေပိုင်းတွေမှာ စာသင်ခန်းအတွင်းမှာပဲ ကျူးလွန်လေ့ရှိတယ်။”ဟု ကျိုက်လတ်မြို့မ ရဲစခန်မှ ဒုရဲမှူး ထင်အောင်က ပြောသည်။

ကျောင်းသူများအား သားမယားအဖြစ်ကျူးလွန်ခဲ့သည့် သမိုင်းဘာသာရပ်သင် ဆရာရန်နိုင်အား ကျိုက်လတ် မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးနေပြီး ၎င်းတာဝန်ကျရာ မအူပင်ခရိုင်အတွင်းမှ စာသင်ကျောင်းများ၊ ရွှေ ညောင်ပင်ကျေးရွာ အလက(ခွဲ)မှ ကျောင်းအုပ်ဆရာကြီးအား ၎င်းတာဝန် ထမ်းဆောင်ချိန်မှစ၍ အလား တူဖြစ်ရပ်များ ကျူးလွန်ခဲ့ခြင်းရှိမရှိ စုံစမ်းနေကြောင်း ဒုရဲမှူးထင်အောင်ကဆက်ပြောသည်။

သမိုင်းဘာသာရပ်သင်ဆရာ ဦးရန်နိုင်သည် ပညာရေးကောလိပ်မှ ၂၀၀၅-၂၀၀၆ ခုနှစ်တွင် ကျောင်းဆင်းကာ မူလတန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မအူပင်မြို့နယ် ရေနုတ်ချောင်းကျောင်း၊ ဂင်္ဂါးကျောင်းများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၄ အောက်တိုဘာလမှ စတင်ကာ ရွှေညောင်ပင်အလက (ခွဲ)တွင် တာဝန် ထမ်းဆောင်ပြီး ကညင်ကုန်းကျေးရွာရှိ နေအိမ်တစ်ခုတွင် နေထိုင်နေသူဖြစ်ကြောင်း သိရသည်။

“ကျောင်းက ဆရာမတစ်ယောက်ရဲ့ တူမတော်စပ်တဲ့ ကျောင်းသူတစ်ယောက်က တစ်နေ့ကျောင်းက အပြန် အိမ်မှာ ဒီလိုအကျင့်မကောင်းတဲ့ ဆရာဆီမှာ စာမသင်ချင်ဘူးလို့ လူကြီးတွေကို ပြောရာကနေ ဘာဖြစ်တာလဲ လို့မေးကြည့်မှ သူ့သူငယ်ချင်းနှစ်ယောက်ကို ဆရာက ဒီလိုတွေကျူးလွန်နေတယ် ဆိုတာပေါ်ပေါက်ခဲ့တာပါ။” ဟု ကညင်ကုန်းကျေးရွာ နေထိုင်သူတစ်ဦးကပြောသည်။

ဆရာဦးရန်နိုင်ကို ၁၅ နှစ်အရွယ် ၈ တန်းကျောင်းသူအား ၅ ကြိမ်တိုင်တိုင် သားမယားပြုကျင့်ကျူးလွန်ခဲ့ခြင်းကို အရေးယူ ပေးပါရန် ဖခင်ဖြစ်သူမှ တိုင်တန်းချက်အရ ကျိုက်လတ်မြို့မရဲစခန်းမှ (ပ)၁၉၆/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့်လည်းကောင်း၊ ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသူကို ၃ ကြိမ်တိုင်တိုင် သားမယားပြုကျင့် ကျူးလွန်ခဲ့ခြင်းကို အရေးယူပေးပါရန် ဖခင်ဖြစ်သူ၏ တိုင်တန်းချက်အရ ကျိုက်လတ်မြို့မ ရဲစခန်းမှ(ပ) ၁၉၇/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်ဖမ်းဆီး အရေးယူ ထားကြောင်း သိရသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။