လူမှာအဝတ်တောင်းမှာ အကွပ်ဆိုသလို အဝတ်အစားက လူတစ်ယောက်ရဲ့အဆင်႔အတန်းကို ဖော်ပြနေတယ် ဆိုတာ အသေချာပါပဲ။ တစ်ချို့ကတော့ ပြောကြပါလိမ့်မယ် ဒီလိုမျိုးမဝတ်ရင်ကော အလုပ်မရတော့ဘူးလာလို့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကိုယ်နေရာဒေသအလိုက်ဝတ်စားဆင်ရင်မှုဆိုတာ ရှိကိုရှိသင့်ပါတယ်။ အဝတ်အစားတင် မဟုတ်ပါဘူး ဆံပင်ကအစ နေပုံထိုင်ပုံအဆုံးပါပဲ ။ဒီတော့ လုပ်ငန်းခွင် သို့မဟုတ် အင်တာဗျူးသွားဖြေတဲ့အခါ တစ်ကယ်ကို ရှိသင့်ရှိထိုက်ဝတ်သင့်ဝတ်ထိုက်တဲ့ ဝတ်စုံ အပြည့်အစုံကို ဖော်ပြပေးလိုက်ရပါတယ်။

စီးပွားရေးလုပ်ငန်းနေပယ်မှာကျင်လည်ကြတဲ့ အမျိုးသမီးတွေအနေနဲ့လည်းဝတ်လို့ရတဲ့ ဝတ်စုံလေးတွေပါ အင်တာဗျုးဝင်တဲ့အခါ အနက်ရောင်၊ မီးခိုရောင်၊အပြာနက်ရောင် တို့ကိုအဓိကထား ဝတ်ဆင်ပေးဖို့ လိုပါတယ်။ လက်ကိုင်အိတ်အနေနဲ့ ရုံးလက်စွဲအိတ်ပုံစံ (သို့မဟုတ်) လက်ကိုင်အိတ် သေးသေး လေးကိုကိုင်သင့်ပါတယ်။ ဒါပေမဲ့ နှစ်မျိုးစလုံးတော့ တွဲမကိုင်သင့်ပါဘူး။ပြီးတော့ မိတ်ကပ် ထူထူနဲ့ ရေမွှေးနံ့ အပြင်းစားတွေကို ရှောင်ကြည်သင့်ပါတယ်။ စကစ်အတိုဝတ်တဲ့အခါ အသာကပ် stockings အသားရောင် သို့မဟုတ် အနက်ရောင်ကို ဝတ်ဆင်ပေးသင့်ပါတယ်။shoe ကိုတော့ polish တိုက်ထားဖို့ မမေ့နဲ့နော် ဝတ်စုံအပြည့်ကို လိုက်ဖက်တဲ့ အရောင်ဖြစ်ပါစေနော်။

ဆံပင်ဆိုရင်တော့ ဆံထုံးကပိုဆွဲဆောင်မှုရှိနေတယ်ကွယ်၊ လှပကျော့ရှင်းစေတယ်၊ လက်ဝတ်လက်စားတွေအနေနဲ့ ရှင်းရှင်းလင်းလင် ရှိတဲ့ အရာတွေကိုဝတ်ဆင်ပါ။ totoo ထိုးထားသလိုမျိုး အများကြီး ပျစ်ထွေးပြီးတော့ မဝတ်ပါနဲ့။ကုတ်ရဲ့အတွင်းဘက်မှာ ဝတ်ဆင်မဲ့ shirt ကိုတော့ အရောင်တောက်ပြီး သစ်လွင်နေပါစေနော် ဒါမှ တက်ကြွလန်းဆန်းမှုကို ပေးစွမ်းနိုင်မှာမဟုတ်လား။ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းက အလုပ်တစ်ဝက် ပြီးမြောက်စေပါသတဲ့ကွယ်။ 

Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။