ယနေ့ညကျင်းပမယ့် Myanmar Idol ပွဲစဉ်မှာ Pantene Wild Card နဲ့စင်ပေါ်ကို ပြန်လာမယ့်သူက ဘယ်သူလည်းဆိုတာ ပရိသတ်တွေရင်ခုန်နေပြီလို့ထင်ပါတယ်။ Myanmar Idol ဖေ့စ်ဘွတ်ခ်စာ မျက်နှာနှင့် Pantene ဖေ့စ်ဘွတ်ခ် စာမျက်နှာရှိ ပရိသတ်တွေရဲ့ မှတ်ချက်တွေအရPantene Wild Card ရမယ့်ဖြစ်နိုင်ချေအရှိဆုံး ပြိုင်ပွဲဝင်တွေကတော့ ရဲနောင်၊ ဇင်ကြီး နှင့် ယွန်း တို့ပဲဖြစ်ပါတယ်။ အကာင့်တစ်ခုကို မဲတစ်ခုသာပေးခွင့်ရတဲ့ ဒီမဲပေးမှုမှာဘယ်သူကကံကောင်းသူဖြစ်မလဲ။

အရင်တပတ်ကတော့ ဒေသခံပရိသတ်အပြည့်ရထားတဲ့ရဲနောင်ဟာ ဆန်ခါတင်လေးဦး ရွေးချယ်တဲ့အဆင့်မှာပြုတ်သွားသော်လည်း Pantene Wild Card အတွက် သူငယ်ချင်းဖြစ်သူ ဇင်ကြီးကို မဲပေးကြဖို့တိုက်တွန်းထားပါတယ်။

အရင်က ပရိသတ် အားပေးမှုအနည်းဆုံးဖြစ်တဲ့ဇင်ကြီးကိုတော့ အခု ပရိသတ်တွေရော ပြိုင်ပွဲဝင်သူငယ်ချင်းတွေကပါ တော်တော်လေးအားပေးနေတာကြောင့် ဇင်ကြီးကလည်း ‘‘Pantene Wild Card ဆိုတာရှိတယ်တော့ ကြားနေရပါတယ်။ အခွင့်ရရင် ပြန်သွားချင်ပေမယ့် မျှော်တော့မမျှော်လင့်ရဲပါဘူးဗျာ’’ဟု မတ်လ ၃ ရက်က သူရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေး သားထားသည်။

Myanmar Idol ပြိုင်ပွဲဝင်တွေထဲ့အသက်အငယ်ဆုံး ယွန်းကလည်း Facebook မှာ fan တွေ Follower တွေများနေတာကြောင့် Facebook ကနေတဆင့်ပေးရတဲ့မဲဖြစ်နေတော့ သူမကဒီအခွင့်အရေးကိုရသွားနိုင်ပါတယ်။

ကျန်တဲ့ပြိုင်ပွဲဝင်တွေဖြစ်တဲ့ အေမီဈာန်၊ ဖြူလေး၊ ချမ်း ငြိမ်းတို့ကို မဲပေးသူတွေရှိသော်လည်း ပရိသတ်တွေအားသာနေတာကတော့ ယွန်း၊ ဇင်ကြီး နဲ့ ရဲနောင် တို့ ပဲဖြစ်ပါတယ်။

ဆန်ခါတင်လေးဦးဖြစ်သည့် သား ငယ်၊ မိုင်းမိုင်ဆိုင်း၊ ပိုးမီ၊ ဘီလီ လမင်းအေးတို့နှင့်အတူ နောက်တဆင့်မှာတွေ့ရမယ့်သူက

ပရိသတ်အားပေးမှုတခဲနက်ရထားတဲ့ မအူပင်သားလေးရဲနောင်လား။ Facebook မှာ နာမည်ကြီးတဲ့ ယွန်းလား။ အခွင့်ရရင်ပြန်သွားချင်တယ်ဆိုတဲ့ ဇင်ကြီးလား။  ယနေ့ည ၉ နာရီမှာ အဖြေပေါ်တော့မှာပဲဖြစ်ပါတယ်။

သတင်းအရင်းမြစ် Local News

may

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။