နေ့စဉ်နီးပါးဖြစ်ပေါ်လျှက်ရှိတဲ့ ယာဉ်တိုက်မှုနဲ့ ယာဉ်တိမ်းမှောက်မှုသတင်းတွေကိုတော့ ပရိသတ်တွေလည်း မကြာခဏဆိုသလို ကြားသိနေကြမယ်ထင်ပါတယ်။ ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုအများစုတွင် ယာဉ်မောင်းသူတွေရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေကြောင့် အဖြစ်များခဲ့ရတာတွေ့ရပါတယ်။ နိုဝင်ဘာလ ၂၅ရက်နေ့ ည ၁၁နာရီအကျော်ခန့်တွင်လည်း ပျင်းထန်တဲ့ယာဉ်တိမ်းမှောက်မှုကြီးတစ်ခုကတော့ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြီးကတော့ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်တစ်ထောင် ဈေးလမ်းအတွင်းဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဉ်ကတော့ ကမ်းနားလမ်းမှ ကျွန်တိန်နာကားကြီးအရှိန်ပြင်းစွာမောင်းနှင်ရာမှ ကွေ့ချိန်တွင် ရှေ့ဘီးပေါက်ပြီး လမ်းဘေးရပ်တန့်ထားသော အိမ်စီးကား(၇) စီးပေါ်တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် အသေအပျောက်မရှိခဲ့ပေမယ့် လူတစ်ဦး ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဆိုးရွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့သလို အဆိုပါတိမ်းမှောက်ရာနေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများသွားရောက် ကြည့်ရှု့ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။ ဆိုးရွားတဲ့ ယာဉ်ကြောတွေမှာ ယာဉ်မောင်းညီအကိုတွေကို သတိပြုမောင်းနှင်ကြဖို့ ပြောကြားရင်းမနေ့ညက ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

pHOTOS - MAY SOE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။