ဒီတစ်ခါမှာတော့ ဖုန်းအရွယ်အစားသေးသေးလေးတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် အကြမ်းခံလွန်းလှတဲ့ ဖုန်းလေး တစ်ခုအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီဖုန်းလေးကိုတော့ Atom Smartphone လို့ခေါ်ပြီး Unihertz ကနေ ထုတ်လုပ်ထားတဲ့ လက်ရာ တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဖုန်းလေးရဲ့ လုပ်ဆောင်ချက်တွေကို တစ်ချက်လောက်ကြည့်လိုက်ကြရအောင်နော်။ 

ဒီဖုန်းလေးမှာ ဆိုရင် 4G အထောက်အပံ့ပေးထားပြီး မျက်နှာပြင် အရွယ်အစားကတော့ ၂လက်မခွဲလောက်ပဲ ၇ှိပါတယ်။ ဖုန်းလေးရဲ့ အရွယ်အစားဟာ သေးငယ်တယ်လို့ဆိုပေမယ့်လည်း စွမ်းဆောင်ရည်ကတော့ အတော်လေးကို မြင့်မားလှပါတယ်။ ရေစိုခံတဲ့ အပြင် ဖုန်ဒဏ်တွေ မဝင်အောင်လည်း ကာကွယ်ပေးနိုင်ပြီး ရေအောက်ထဲမှာတောင် ဗီဒီယို တွေ ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။  

Camera ပိုင်းမှာဆိုရင်လည်း အနောက်ဘက် ကင်မရာမှာ 16 MP ဖြစ်ပြီး အရှေ့ဘက် ကင်မရာကတော့ 8MP Selfie Camera ကို တပ်ဆင်ပေးထားတဲ့ အတွက် အတော်အသင့်ကောင်းမွန်တယ် လို့တောင် ပြောလို့ရပါတယ်။ ဒါ့အပြင် လက်ဗွေရာ စနစ်လည်းပါ၇ှိပြီး သူ့ကို ထုတ်လုပ်ထားတဲ့ ကုမ္ပဏီကတော့ ဒီဖုန်းလေးရဲ့ အကြမ်းခံလှတဲ့ စွမ်းဆောင်ရည်ကို အမွှန်းတင်ပြီး ပြောကြားထားပါတယ်။ 

Source : Moble Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။