အကယ်ဒမီ သက်မွန်မြင့်လိုဆိုလိုက်တာနဲ့ သူမရဲ့ အပြုံးချိုချိုလေးတွေကို ပရိသတ်တွေသတိရသွားမှာပဲဖြစ်ပါတယ်။ သူမဟာ မကြာသေးမီက မီးမီးလေးမွေးထားပြီး အခုတော့ အနုပညာအလုပ်တွေစလုပ်နေပါပြီ။

ဒီနေ့မနက်က Now Magazine Cover ရိုက်နေတဲ့ပုံလေးတွေကို သက်မွန်မြင့်ကပရိသတ်ကြီးအတွက် သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာတင်ပေးထားပါတယ်။ သက်မွန်မြင့် ဝတ်ဆင်ထားတဲ့ ဝတ်စုံကို ဒီဇိုင်နာ မပုံ့ (My favorite) ကချုပ်ပေးထားပြီး Makeup ကို Jet Jet ကလိမ်းပေးထားပါတယ်။

ပရိသတ်အချစ်တော် သက်မွန်မြင့်ကတော့

“ခါးအရမ်းနာနေပေမယ့် ပဲပေးမလျော့ခဲ့ဘူး

မတွေ့တာကြာလို့ရိုက်ပေးပါဆိုတော့လည်း ကိုယ့်ကိုချစ်တဲ့သူတွေကျေနပ်အောင် ရိုက်ရတာပေါ့” လို့ဆိုပါတယ်။ 

သတင်းအရင်းမြစ် Thet Mon Myint Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။