ကမ္ဘာ့ စမတ်ဖုန်းလောကအတွက် တန်ဖိုးရှိအမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်ပြီး မတူညီထူးခြားသည့် ထုတ်ကုန်အရည်အသွေးများကို မျိုးဆက်သစ်လူငယ်ထုအတွက် အလေးထားမိတ်ဆက်ပေးရန် ရည်ရွယ်ချက်များဖြင့် OPPO က Realme စမတ်ဖုန် းအမှတ်တံဆိပ်အသစ်ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ OPPO ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ဒု-ဥက္ကဋ္ဌအဖြစ်တာဝန်ယူထမ်းဆောင်ခဲ့သော Sky Li က OPPO မှ တရားဝင် ထွက်ခွာကာ ပိုမိုဆန်းသစ်သော စိတ်ကူးစိတ်သန်းများဖြင့် ၎င်း၏ တစ်ကမ္ဘာလုံးတွင် တွေ့ကြုံဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကို အခြေခံကာ Realme စမတ်ဖုန်းအမှတ်တံဆိပ်သစ်ကို မေလ ၄ရက် ၂ဝ၁၈ (National Youth Day of China) နေ့တွင် တရာဝင်မိတ် ဆက်ပေးခဲ့ပြီဖြစ်ပါတယ်။

Realme ၏ CEO အသစ်ဖြစ်သူ Sky Li နှင့်အတူ နိုင်ငံတကာမိုဘိုင်း လောကတွင် အတွေ့အကြုံကောင်းများစွာ ရှိထားကြသည့် လူငယ်တစ်စုတို့က ပိုမိုကျယ်ပြန့်သည့်အွန်လိုင်းစီးပွားရေးနယ်ပယ်တွင် ခေတ်မီဆန်းသစ်သည့်ဒီဇိုင်းနှင့် ပိုမိုမြင့်မားသည့်စွမ်းဆောင်ရည်တို့ပေါင်းစပ်ပေးထားသော Realme ထုတ်ကုန်များကို လူငယ်မျိုးဆက်များအတွက် ဦးတည်းကာ ဖန်တီးထုတ်လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

ပထမဆုံးစမတ်ဖုန်းသစ်ဖြစ်သည့် Realme 1 ကို မေလ ၂ဝ၁၈ က အိန္ဒိယနိုင်ငံတွင် စတင်မိတ်ဆက်ပေးခဲ့ပြီး ကောင်းမွန်သည့် ရလဒ်များနှင့်အတူ မိုဘိုင်းစာမျက်နှာသစ်ကိုပါ ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးရှိ မိုဘိုင်းဖုန်းသုံးစွဲသူများ၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးနိုင်စေရန်နှင့် ကမ္ဘာစမတ်ဖုန်း ဇာတ်ခုံကိုပါ လှုပ်ခတ်သွားစေရန် အကောင်းဆုံးထုတ်ကုန်များဖြင့် ပြင်ဆင်ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါတယ်။ Realme အနေဖြင့် တစ်မူကွဲပြားသည့် စီးပွားရေးလုပ်ငန်းပုံစံဖြင့် မိုဘိုင်းဈေးကွက်၏လိုအပ်ချက်များကို အလေးထားလုပ်ဆောင်သွားမည်ဖြစ်ပြီး Realme အမှတ်တံဆိပ်၏အနှစ်သာရများဖြစ်ကြသည့် ငယ်ရွယ်နုပျိုးခြင်း၊ ခေတ်ဆန်ဖတ်ရှင်ကျခြင်း၊ ရိုးသားပွင့်လင်းခြင်း၊ ခမ်းနားထည်ဝါလှပခြင်း ဝိသေသများဖြင့် ၂ဝ၁၈ မှစတင်ကာ မိုဘိုင်းလောကအတွက် သမိုင်းတစ်ခေတ်ကို စတင်ဖွင့်လှစ်လျှောက်လှမ်းလိုက်ပြီပဲ ဖြစ်ပါတယ်။

ဘယ်လို အသွင်အပြင်မျိုးနဲ့ ပေါ်ထွက်လာမလဲ ဆိုတာကိုတော့ ရင်ခုန် စိတ်လှုပ်ရှားဖွယ် စောင့်မျှော်အားပေးလိုက်ကြရအောင်နော် ။

https://www.facebook.com/RealmeMyanmar/

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။