အိန္ဒြာကျော်ဇင် နှင့် အကယ်ဒမီ

အနုပညာလောကရဲ့ လျှမ်းလျှမ်းတောက် ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ကတော့ အကယ်ဒမီကံခေသူလို့ ဆိုလေ့ရှိကြပါတယ်။ သူမအနေနဲ့ "မျက်နှာများတဲ့ မိုးကောင်းကင်" ဇာတ်ကားနဲ့ အကယ်ဒမီရရှိခဲ့ပြီးနောက်ပိုင်း အချိန်အတော်ကြာထိ အကယ်ဒမီထပ်မံရခြင်းမရှိသေးပါဘူး။

သူမအနေနဲ့ အကယ်ဒမီရရှိနိုင်ချေရှိတဲ့ ရုပ်ရှင်ဇာတ်ကားကြီးများစွာမှာ ခေါင်းဆောင် မင်းသမီးကောင်းတစ်ယောက်အဖြစ် သဏ္ဍာန်လုပ်သရုပ်တူ စီးဝင်သရုပ်ဆောင်နိုင်ခဲ့ပြီး အကယ်ဒမီတစ်ကြိုစာရင်းမှာ အမြဲပါဝင်ခဲ့သော်လည်း လက်တွေ့မှာတော့ ရရှိခြင်းမရှိခဲ့ပါဘူး။ သူမရဲ့ ခင်ပွန်းပြေတီဦး နေတိုး စတဲ့ ဒိတ်ဒိတ်ကြဲမင်းသားနှစ်လက်နဲ့အတူ ရိုက်ကူးခဲ့တဲ့ "အဖြူရောင် ရဲတိုက်" ဇာတ်ကားမှာ သူမရဲ့ သရုပ်ဆောင်ချက်တွေ အသက်ဝင်လွန်းလှတဲ့ အတွက် အကယ်ဒမီရမယ်ဆိုပြီး တစ်ကြိုပေးခဲ့ကြပေမယ့် လွဲခဲ့ရပါတယ်။ ယခုတစ်ခေါက်လည်း ခင်ပွန်းဖြစ်သူရဲ့ အိမ်ထောင်ရေးဖောက်ပြန်ခံရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဇာတ်ရုပ်နေရာကနေ ပရိသတ်ကို မျက်ရည်တောက်တောက်ကျအောင် "မောင့်အိမ်သူ" ဇာတ်ကားနဲ့ စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် အကယ်ဒမီမှန်းခဲ့ကြပေမယ့် လွဲခဲ့ရပြန်ပါတယ်။

ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး အကယ်ဒမီလွဲခဲ့ရခြင်းအပေါ် ဝေဖန်မှုတွေထွက်ပေါ်နေပြီး သူမရဲ့ ပရိသတ်တွေကတော့ သူတို့ချစ်တဲ့ မင်းသမီးအတွက် စိတ်မကောင်းဖြစ်နေကြပါတယ်။ ဒီဇာတ်ကားမှာ အကယ်ဒမီ လွဲခဲ့ခြင်းနဲ့ပတ်သတ်ပြီး အူဝဲက အင်တာဗျူးတစ်ခုမှာ ယခုလိုဖြေဆိုထားတာတွေ့ရပါတယ်။

"အဲဒါက "အူဝဲ"ကို မမေးဘဲ အကယ်ဒမီ အကဲဖြတ်လူကြီးတွေကို မေးရင် ပိုကောင်းပါတယ်။ ဘာကြောင့်လည်း ဆိုတော့ "အူဝဲ"တို့ သရုပ်ဆောင် ဆိုတာ အကယ်ဒမီကို ပေးရင်ရပြီး မပေးရင် မရပါဘူး။ ကိုယ့်ကိုကိုယ်လည်း အနုပညာနဲ့ ပတ်သတ်လို့ Perfect ဖြစ်တဲ့ လူတစ်ယောက်လို့ ဘယ်တော့မှ မသတ်မှတ်ပါဘူး။ ပြီးတော့ "အကယ်ဒမီ ဇာတ်ရုပ်"ကို ဘယ်လိုစံနှုန်း၊ စံထားတွေနဲ့ သတ်မှတ်တယ် ဆိုတာ "အူဝဲ"တို့ မသိပါဘူး။ ကိုယ်ကတော့ သရုပ်ဆောင်ရတဲ့ ကာရိုက်တာနဲ့ အတူဆုံး၊ အနီးစပ်ဆုံး ဖြစ်အောင် ကြိုးစားတာပါပဲ။ ဒါပေမယ့် ဘယ်လိုမျိုးကို အိုက်တင်ကောင်းလို့ သတ်မှတ်ပြီး ဘယ်လို စည်းကမ်းချက် တွေနဲ့ ပေးတာလဲ ဆိုတာ မသိပါဖူး။ ဒါကြောင့် ခုနကမေးတဲ့ "အကယ်ဒမီ ဇာတ်ရုပ်" ဆိုတာကို မဖြေတတ်ပါဘူး" ဆိုပြီး သူမက ဖြေဆိုထားပါတယ် ပရိသတ်ကြီးရေ……

Source: Local Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။