၁ဝတန်းဖြေမဲ့ မသန်စွမ်းကလေးကို ကုန်းပိုးပြီး လိုက်ပို့ခဲ့တဲ့ ယာဉ်ထိန်းရဲကြီး

၁ဝတန်းဖြေမဲ့ မသန်စွမ်းကလေးကို ကုန်းပိုးပြီး လိုက်ပို့ခဲ့တဲ့ ယာဉ်ထိန်းရဲကြီး ဂုဏ်ပြုချီးမြှင့်ခံရ

ဓာတ်ပုံမှာတွေ့ရတဲ့အတိုင်းဘဲ ယာဉ်ထိန်းရဲဦးဦးက ၁၀ တန်းဖြေမဲ့ ကလေးကို ကျောပိုးပြီး လိုက်ပို့ပေးတာဖြစ်ပါတယ်။

လူမှုကွန်ယက်ပေါ်မှာ ဒီဓာတ်ပုံပျံနှံ့ပြီး ချီးကျူးသူ အမြောက်အများရှိခဲ့ပါတယ်။

ယာဉ်ထိန်းရဲကြီးကတော့ တပ်ကြပ်ကြီးကျော်သက်အောင် ဖြစ်ပြီး သူ့အတွက် ဂုဏ်ပြုအခမ်းအနားကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။

ထိုချီးမြှင့်ပွဲမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ချီးမြှင့်သော ဂုဏ်ပြုဆု ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှုးမှ ဂုဏ်ပြုဆုတို့ ပေးအပ်ချီးမမြှင့်ခဲ့ပါတယ်။

ယာဉ်ထိန်းရဲအလုပ်လည်း စေတနာထားပြီး လုပ်လျှင် အလွန်ကုသိုလ်ရသည့်မွန်မြတ်သော အလုပ်ဖြစ်ကြောင်းလည်း ပြေကြားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။