ရဲရင့်သောမြန်မာအမျိုးသမီးအဖြစ် ဂုဏ်ပြုခံရတဲ့ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေ

အိမ်ထောင်ဖက်ရဲ့ အိမ်တွင်းအကြမ်းဖက်မှုကို ကြံ့ကြံ့ခံရင် ဆိုင်ကျော်လွှားခဲ့သူ ပရဟိတအလုပ်တွေ လုပ်ကိုင်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကို

" ချော်လဲသွားလို့ရှိရင် ပြန်ထရတာ ချော်လဲတာရှက်စရာမလိုဘူး ပြန်မထနိုင်ရင်ပဲ ရှက်စရာကောင်းတာ၊ အမျိုးသမီးဖြစ်ပေမယ့် လည်း စိတ်ဓါတ်ခိုင်ခိုင်မာမာထားဖို့၊ ဘယ်အရာမဆို အကြာကြီး မဖြစ်ဘူး အဲဒီအတွက် ကြောင့်မို့ စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်ဖို့ ပြောချင်ပါတယ်၊ အမျိုးသမီးဖြစ်တဲ့အတွက် ဘာမှ အားမငယ်ပါနဲ့ ကိုယ့်ကိုယ်ကို ထက်မြက်အောင်ကြိုးစားပါ "

သရုပ်ဆောင် ခိုင်နှင်းဝေဟာ ၂၀၁၅ ဇူလိုင်လမှာ ရေဘေးဒုက္ခ သည်တွေကို လှူဒါန်းရာကစပြီး ခိုင်နှင်းဝေပရဟိတအဖွဲ့ကို ဖွဲ့စည်းဖြစ်ခဲ့ပါတယ်။ သူဦးဆောင်တဲ့ ပရဟိတအဖွဲ့ဟာ လှူချင်ပေမယ့် ကိုယ်တိုင်မရောက်နိုင်တဲ့သူတွေအတွက် နိဗ္ဗာန်ပေါင်းကူးတံတားအဖြစ် လိုအပ်တဲ့နေရာတွေကို ထိရောက်စွာ လှူဒါန်းပေးတာတွေ၊ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့နေရာတွေနဲ့ မိဘမဲ့ကလေးတွေကို အလှူရှင်တွေဖြစ်စေချင်တဲ့အပေါ်မူတည်ပြီး ဦးဆောင်လုပ်ကိုင်ပေး နေတာဖြစ်ပါတယ်။

၂၀၁၅ ဒီဇင်ဘာမှာတော့ ကလေးတွေအတွက် ရည်ရွယ် လုပ်ဆောင်နေတဲ့ သူ့ရဲ့ဆောင်ရွက်ချက်တွေကြောင့် ကလေး သူငယ်လူကုန်ကူးမှု ကာကွယ်ရေး ပညာပေးပြဇာတ်အဖွဲ့ united act မှာ သံတမန်အဖြစ် စတင်လုပ်ဆောင်ခဲ့ပါတယ်။ သံတမန်တစ်ယောက်အနေနဲ့ Help them ဆိုတဲ့ ပညာပေးပြ ဇာတ်တိုကို ကိုယ်တိုင်ဒါရိုက်တာလုပ် အကုန်အကျခံပြီး ရိုက်ကူး ခဲ့သလို ပြဇာတ်စီဒီခွေကို ဟောပြောပွဲတွေမှာ အခမဲ့ဖြန်ချိပေး တာတွေ၊ ကိုယ်တိုင်ပြဇာတ်တိုကတာတွေနဲ့ united act က တောင်းဆိုလာတဲ့အကူညီတွေကို တတ်နိုင်သလောက် လုပ်ဆောင်ပေးနေသူ ဖြစ်ပါတယ်။

တချိန်က စိတ်ဓာတ်ခိုင်မာတဲ့အမျိုးသမီးတစ်ယောက်အဖြစ် အိမ်ထောင်ဖက်ရဲ့ အိမ်တွင်းအကြမ်းဖက်မှုကို ကြံ့ကြံ့ခံရင် ဆိုင်ကျော်လွှားခဲ့သူ၊ လွတ်လပ်တဲ့ဘဝသစ်တစ်ခုကို သတ္တိ ရှိရှိပြန်လည်တည်ဆောက်နိုင်ခဲ့သူ၊ အခုချိန်မှာတော့ အနုပညာ အလုပ်ကို လုပ်ကိုင်ရင်း တစ်ဖက်မှာလည်း ကလေးသူငယ်များ အခွင့်အရေးကိစ္စ၊ လူကုန်ကူးမှုတားဆီးရေးကိစ္စနဲ့ လိုအပ် တဲ့နေရာမှာ ပရဟိတအလုပ်တွေ လုပ်ကိုင်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ ကို ၂၀၁၇ ခုနှစ်၊ မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် ရဲရင့်သောအမျိုးသမီးတစ်ဦးအဖြစ် Women in Myanmar Society က ရွေးချယ်ဂုဏ်ပြုခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။