အီဂျစ်နိုင်ငံ တောင်ပိုင်း နျူဘီယာရှိ ဆူဒန်နိုင်ငံ နယ်စပ်နှင့် နီးစပ်သော အဘူဆင်းမ်ဘဲလ်ရွာတွင် တည်ရှိသော ဧရာမ ကျောက်တုံး ဘုရားကျောင်းတော်ကြီး နှစ်ခု ဖြစ်ပြီး နပ်ဆာကန်၏ အနောက်ဘက်ကမ်းတွင် တည်ရှိပြီး အီဂျစ်နိုင်ငံ အက်ဆဝမ်မြို့၏ အနောက်တောင်ဘက် ၂၃၀ ကီလိုမီတာ အကွာ (ကားလမ်းဖြင့် ၃၀၀ ကီလိုမီတာ) တွင် တည်ရှိပါတယ်။ ထိုဘုရားကျောင်းတော် အမြွှာ အဆောက်အဦး နှစ်ခုမှာ မူလပထမက တောင်နံရံကို ထွင်းထု ဆောက်လုပ်ထားခဲ့ခြင်း ဖြစ်ပြီး 

အီဂျစ်နိုင်ငံ၏ ၁၉ ခုမြောက် မင်းဆက်၏ ဖာရိုဘုရင် ရမ်ဆီ ၃ ၏ လက်ထက် ဘီစီ ၁၃ ရာစု တွင် တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ကာဒက်ရှ်စစ်ပွဲကို အောင်နိုင်ခြင်းကို အောင်ပွဲခံဆင်နွှဲသည့် အနေနှင့် ဖာရိုဘုရင်မှသူနဲ့ သူ့ရဲ့ မိဖုရား နက်ဖာတာရီ တို့ အတွက် ရေရှည် ကျန်ရစ်စေမည့် အမှတ်တရ အဆောက်အဦး အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ သဲကျောက်များကို ကြီးမားသော အတုံးကြီးများဖြစ်အောင် ဖြတ်တောက်ပြီး မြင့်မားသောဘုရားကျောင်း ကြီးများအဖြစ် တည်ခဲ့ခြင်းဖြစ်ပြီး ဒီအထဲမှာမှ ကျာင်းဆောင်ကြီးတခုမှာ ၁၈၀-ပေခန့် ကျယ်ဝန်းပြီး အတွင်းပိုင်းတွင် အခန်းပေါင်းများစွာ ပါဝင်ပါတယ်။  

အဆောက်အအုံ၏ မျက်နှာစာတွင် ၆၅-ပေခန့်အမြင့်ရှိသော ရှေးဟောင်းအီဂျစ်စစ်သည်တဦး ထိုင်နေဟန်ပုံ ရုပ်တု၄-ခုကို ထုလုပ်ထား ပြီး ထိုရုပ်တုကြီးများအပေါ်တွင် ရှေးဟောင်းဂရိကြေးစား စစ်သည်ရုပ်တုပုံများကို ထုလုပ်ပြီး ကမ္ပည်းထိုးထားတာကိုလည်းတွေ့ရပါတယ်။ ၁၉၆၀-ခန့်တွင် နိုင်းမြစ်ကိုပိတ်၍ ရေကာတာ ပြုလုပ်လိုက်သဖြင့် ထိုရုပ်တုကြီးများတည်ရှိရာ နက်ဆာရေကန်၏ ရေမျက်နှာပြင် မြင့်တက်လာခဲ့ပါတယ်။ ရုပ်တုကြီးများ ရေလွှမ်းမိုးမှုဘေးကို ရင်ဆိုင်လာရတာကြောင့် ပိုမိုမြင့်မားသော ရေလွတ်ရာအရပ်သို့ ရုပ်တုကြီးများကို ဖြတ်တောက် သယ်ဆောင်ပြီး ပြန်လည်ထိန်းသိမ်းထားရသည်ဟု သိရှိရပါတယ်။ 

Source : Myanmar wikipedia

Thutazone 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။