အာစီယံဆူဇူကီးပြိုင်ပွဲကတော့ခုဆိုအုပ်စုပွဲတွေပြီးဆုံးသွားခဲ့ပြီးဆီမီးဖိုင်နယ်အဆင့်ကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။ဆီမီးဖိုင်နယ်ကိုရောက်လာတာကတော့နာမည်ကြီးထိုင်း၊ဗီယက်နမ်၊မလေးရှားနဲ့ဖိလစ်ပိုင်အသင်းတို့ပဲဖြစ်ပါတယ်။ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့လာမယ့်ဒီဇင်ဘာလ၁ရက်နေ့မှာစတင်ကစားကြတော့မှာဖြစ်ပါတယ်။

ဆူဇူကီးဖလားပြိုင်ပွဲဟာအာစီယံဒေသတွင်းရဲ့အဆင့်မြင့်ဆုံးဖြစ်တာကြောင့်ပရိတ်အားပေးမှုအမြင့်ဆုံးဖြစ်ခဲ့တာပါ။အုပ်စုပွဲစဉ်တွေထဲကပရိသတ်တွေကမိမိနိုင်ငံအသင်းအုပ်စုတက်ဖို့အောင်မြင်မှုတွေရဖို့အတွက်ကွင်းလုံးပြည့်အားပေးခဲ့ကြတာပါ။ကျင်းပပြီးခဲ့တဲ့အုပ်စုပွဲစဉ်အပြီးမှာပရိတ်သတ်အများဆုံးအဖြစ်ဆီမီးဖိုင်နယ်တက်ဖို့အဆုံးဖြတ်ပွဲတစ်ပွဲဖြစ်တဲ့ မလေးရှားအသင်းနဲ့မြန်မာအသင်းတို့ပွဲကတော့ပရိတ်သတ်၈သောင်းကျော်နဲ့အများဆုံးဖြစ်ခဲ့တာပါ။ 

ဒီဆူဇူကီးပြိုင်ပွဲမှာအားပေးတဲ့ပရိတ်သတ်တွေကယောက်ျားလေးတွေသာမကချစ်စရာကောင်းလှတဲ့မိန်းကလေးတွေကပါမိမိနိုင်ငံအသင်းအောင်မြင်ဖို့အတွက်လာရောက်အားပေးကြတာပါ။အာစီယံနိုင်ငံတစ်နိုင်ငံစီရဲ့ချစ်စရာမိန်းကလေးရဲ့ပုံရိပ်တွေကလည်းဆူဇူကီးဖလားပြိုင်ပွဲသတင်းတွေမှာပရိတ်သတ်စိတ်အဝင်စားဆုံးထဲကတစ်ခုဖြစ်နေတာပါ။အာစီယံနိုင်ငံတွေထဲကမတူညီတဲ့အလှတွေနဲ့နိုင်ငံအသင်းကိုအားပေးနေကြတဲ့မိန်းမချောလေးတွေရဲ့ပုံရိပ်လေးတွေကိုအားပေးကြပါဦးနော်။

SOURCE:FOR SPORT ASIA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။