ဆိုမာလီနိုင်ငံရဲ့မြို့တော် မိုဂါဒစ်ရှူး မှာတေ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ကားဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။

အဆိုပါဗုံးဟာ ဝါဒါချီယာခရိုင်ထဲက ဆိုင်တွေ့ရှေ့မှာပေါက်ကွဲခဲ့တာပဲဖြစ်ပါတယ်။

၎င်းကားကတော့ ဖောက်ခွဲရေးပစ္စည်းတွေတင်ပြီး ရပ်ထားတဲ့ကားဖြစ်ပြီး အချိန်တခုရောက်တဲ့အချိန်မှာထပေါက်ကွဲခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ၎င်းကားဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃ ဦးထက်မနည်းရှိနေပါတယ်။

ဒါ့အပြင် ဒဏ်ရာရရှိသူတွေလည်းများစွာရှိခဲ့တာကြောင့် သေဆုံးသူဦးရေထပ်တိုးလာနိုင်ဖွယ်ရှိနေပါတယ်။

ဒီဖောက်ခွဲမှုကို ဘယ်သူဘယ်ဝါက စေခိုင်းခဲ့သလဲဆိုတာကိုလည်း စုံးစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ 

source -dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။