မြန်မာအသင်းဟာအာစီယံဆူဇူကီးဖလားပြိုင်ပွဲအုပ်စုကထွက်ခွာလို့အပြီးမှာမြန်မာနေရှင်နယ်လိဒ်ကလပ်အသင်းတွေမှာကစားသမားတွေကပြန်လည်ပူးပေါင်းနေကြပါပြီ။ဆူဇူကီးဖလားပြိုင်ပွဲမတိုင်ခင်တည်းကမြန်မာကစားသမားတွေကိုထိုင်းပရီးမီးယားလိဒ်ကလပ်တွေကခေါ်ယူဖို့ကြိုးစားပေမယ့်ဆူဇူကီးပြိုင်ပွဲအပြီးမှသာကစားသမားတွေပြောင်းရွေ့ချင်တာကြောင့်ကြာနေခဲ့ရပါတယ်။ 

ခုမှာတော့မြန်မာ့လက်ရွေးစင်အသင်းရဲ့အဓိကကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပြီးရတနာပုံအသင်းရဲ့ကွင်းလယ်လူစည်သူအောင်ကိုတော့ထိုင်းထိပ်သီးကလပ်ဖြစ်တဲ့ချောင်ဘူရီ အသင်းသို့ တစ်ရာသီ အဌားသွားရောက်ကစားစေမှာဖြစ်ပါတယ်။ ချောင်ဘူရီ အသင်းနှင့် လာမည့် ရက်ပိုင်းအတွင်း စည်သူအောင် မှာ ဆေးစစ်မူပြုလုပ်သွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များ ညှိနိူင်းဆွေးနွေးပြီးနောက် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

ချောင်ဘူရီ အသင်းမှာ စည်သူအောင် အတွက် ထိုင်းနိုင်ငံအတွင်း အသုံးပြုသွားလာရန် ကားတစ်စီး ၊နေစရာအိမ်နှင့်လေယာဉ်လက်မှတ်နှင့် လစာတို့အား စီစဉ်ပေးမှာဖြစ်ပါတယ်။စည်သူအောင်ကလည်း "တကယ့်ကို စိတ်လူပ်ရှားစရာကောင်းတဲ့အခြေအနေပါချောင်ဘူရီဆိုတာ အသင်းကြီးတစ်သင်းပါ ရရှိလာတဲ့အခွင့်အရေးအတွက် ကြိုးစားသွားမှာပါ"ဟုပြောကြားခဲ့ပါတယ်။စည်သူအောင်မှာ ရတနာပုံ အက်ဖ်စီ အသင်းသို့ ၂၀၁၄ခုနှစ်တွင် ရန်ကုန် ယူနိုက်တက် အသင်းမှ ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့် ကစားသမား တစ်ဦးဖြစ်ကာ ၂၀၁၈အမ်ပီတီ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကြီးတွင် ရတနာပုံအသင်းအတွက် ခြေစွမ်းပြ ကစားကာ သွင်းဂိုး (၁၀) ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။

SOURCE:Yadanarbon Football Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။