ပြည်တွင်းသယ်ယူပို့ဆောင်မှု အခန်းကဏ္ဍတွေမှာ အဓိကအသုံးပြုလျှက်ရှိတဲ့ ကုန်လမ်း၊ ရေလမ်းနဲ့ လေကြောင်းလမ်းတွေကိုပြည်တွင်း ပြည်သူများစွာစီးနင်းအသုံးပြုလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ သယ်ယူပို့ဆောင်ရေးပိုင်းတွေမှာ တတိယအရေးပါဆုံးဖြစ်တဲ့ လေကြောင်းပို့ဆောင်ရေးရဲ့ ပြည်တွင်းပျက်ကျထိခိုက်မှုတွေကလည်း မကြာခဏဆိုသလို ကြားသိခဲ့ရတာတွေ့ရပါတယ်။  

ဒီကနေ့ မှာလည်း မော်လမြိုင်လေဆိပ်တွင် အမောင်းသင်လေယာဉ်တစ်စီး လမ်းချော်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်ကတော့ မကြာသေးမီကဖြစ်ပွားခဲ့တာဖြစ်ပြီး မော်လမြိုင်လေဆိမ်လေယာဉ်အဆင်းမှာ လမ်းချော်မှုအသေးအမွှားလောက်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ကနဦးသတင်းများအရသိရပါတယ်။  

အဆိုပါ လေယာဉ်လမ်းချော်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူတစ်ဦးတစ်ယောက်မျှမရှိကြောင်း သိရပါတယ်။ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ မော်လမြိုင်လေဆိပ်လေယာဉ်အဆင်းလမ်းချောမှု ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - မာံသုခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။