ပြည်တွင်းသယ်ယူပို့ဆောင်မှု အခန်းကဏ္ဍတွေမှာ အဓိကအသုံးပြုလျှက်ရှိတဲ့ ကုန်လမ်း၊ ရေလမ်းနဲ့ လေကြောင်းလမ်းတွေကိုပြည်တွင်း ပြည်သူများစွာစီးနင်းအသုံးပြုလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ သယ်ယူပို့ဆောင်ရေးပိုင်းတွေမှာ တတိယအရေးပါဆုံးဖြစ်တဲ့ လေကြောင်းပို့ဆောင်ရေးရဲ့ ပြည်တွင်းပျက်ကျထိခိုက်မှုတွေကလည်း မကြာခဏဆိုသလို ကြားသိခဲ့ရတာတွေ့ရပါတယ်။  

ဒီကနေ့ နိုဝင်ဘာလ ၂၇ရက်နေ့မှာလည်း မော်လမြိုင်လေဆိပ်တွင် အမောင်းသင်လေယာဉ်တစ်စီး လမ်းချော်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်ကတော့ မကြာသေးမီကဖြစ်ပွားခဲ့တာဖြစ်ပြီး မော်လမြိုင်လေဆိမ်လေယာဉ်အဆင်းမှာ လေယာဉ်ရှေ့ဘီးကျိုးပြီးခေါင်းစိုက်ကာ ရှေ့ပန်ကာကြီးထိခိုက်မှုကြောင့် လမ်းချော်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။ 

အဆိုပါ လေယာဉ်လမ်းချော်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူတစ်ဦးတစ်ယောက်မျှမရှိကြောင်း သိရပါတယ်။ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ မော်လမြိုင်လေဆိပ်လေယာဉ်အဆင်းလမ်းချောမှု ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - မာံသုခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။