ပရိသတ်ကြီးကို ဒီတစ်ခါ ဖော်ပြပေးမှာကတော့ တစ်နှစ်ပတ်လုံး မိုးအမြဲရွာနေတဲ့ ဒေသလေးတစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ ဒီဒေသလေးကတော့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မက်ခါလေယာ ပြည်နယ်ထဲမှာရှိတဲ့ မော်ဆင်ရမ်(Mawsynram) ဆိုတဲ့ရွာငယ်လေးဖြစ်ပါတယ်။ ဒီရွာလေးမှာ တစ်နှစ်ပတ်လုံး မိုးအမြဲရွာလေ့ရှိပြီး အာ့ဒီမှာနေတဲ့ သူတိုင်းဟာ အပြင်သွားတိုင်း ထီးဖြစ်ဖြစ် မိုးကာဖို့တစ်ခုခုကို အမြဲယူသွားကြရပါတယ်။

ဒီဒေသလေးမှာ အမြဲ မိုးရွာနေရတဲ့ အကြောင်းလေးကတော့ ရွာလေးရဲ့ ပတ်ပတ်လည်မှာ ဟိမဝန္တာတောင်တန်းကြီးက ဝန်းရံထားပြီး ဒီတောင်တန်းကြီးက တိမ်တိုက်တွေရေ့ွ့လျားသွားနေတာကို ပိတ်နေသလို ဖြစ်သွားတာကြောင့် မိုးအမြဲရွာနေရတာလည်း ဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံး မိုးမရွာသလောက်ရှိပြီး ဒီဇင်ဘာလ နဲ့ ဇန်နဝါရီလကတော့ ဒီဒေသရဲ့ မိုးအနည်းဆုံးကာလဖြစ်ပါတယ်။

ဘယ်လောက်တောင် မိုးရွာသလဲဆိုရင် ဒီဒေသလေးမှာ နှစ်စဉ်ရွာတဲ့ မိုးရေချိန်တွေဟာ ၄၆၇လက်မဖြစ်ပြီး ၁၉၈၅ခုနှစ်တုန်းကတော့ လက်မ ၁၀၀၀ အထိ မိုးရွာသွန်းခဲ့လို့ ကမ္ဘာ့စံချိန်တင်သွားတဲ့အထိတောင်ဖြစ်ခဲ့ရပါတယ်။ ပရိသတ်ကြီးအတွက် အခုလို ထူးဆန်းတဲ့ နေရာလေးတွေကို ဆက်လက်ဖော်ပြပေးအုန်းမှာမို့ စောင့်မျှော်ဖတ်ရှုပေးပါ အုန်းနော်။  

Source : Thutazone 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။