နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ညနေပိုင်း တွင် ကာကွယ်ရေးကို ပိုမိုကျယ်ပြန့်သည့် လုံခြံုရေးအနေအထားအရ စီမံ ခန့်ခွဲခြင်း သင်တန်း (Management of Defence in the Wider Security Context)မှ သင်တန်း နည်းပြ များနှင့် သင်တန်းသားများ၏ ညစာစားပွဲ အခမ်း အနား သို့ တက်ရောက်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားကျင်းပသည့် Kempinski ဟိုတယ် သို့ ညနေ ၆ နာရီ ၁၅ မိနစ်တွင် ရောက်ရှိပြီး ဗြိတိန်နိုင်ငံ ကာ ကွယ်ရေး တက္က သိုလ်မှ သင်တန်းနည်းပြများနှင့် မြန်မာနိုင်ငံမှ သင်တန်းသား များအား ရင်းရင်း နှီးနှီး တစ်ဦးချင်း လိုက်လံနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သင်တန်းနည်းပြများနှင့် သင်တန်းသား များအား နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ယခု သင်တန်းတွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးဘက်မှ သင်တန်းသား များပါ၀င် တက်ရောက် နေပါ ကြောင်း၊ မိမိနိုင်ငံတိုးတက်ရန် ယခုကဲ့သို့ ကဏ္ဍအသီးသီးက ပူးပေါင်း ဆောင် ရွက်ပြီး တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိအောင် ဆောင်ရွက်ခြင်းသည် အရေးကြီး ပါကြောင်း၊ သင်တန်း ဆရာများ၏ သင်ပြသော သင်ခန်းစာများအပြင် တစ်ဦးနှင့်တစ်ဦး ဆက်ဆံ ရေး၊ မတူညီသည့်စနစ်များ အကြားတွင် မည်သို့ပြေပြစ်အောင် ဆက်ဆံရမည် ဆို သည့် အကျိုး များကိုလည်း ရရှိမည်ဟု မျှော်လင့်ပါကြောင်း၊ ယခုကဲ့သို့ သင်တန်း များ တက်ခြင်း အားဖြင့် မိမိတို့နိုင်ငံအတွင်းသာမက ကမ္ဘာ့အလယ် တွင် မိမိတို့၏ သင်တန်း သားများသည် တင့်တင့်တယ် တယ် နိုင်ငံ့ တာဝန်များ ကို ထမ်းဆောင်နိုင်မည် ဟု ယုံကြည် ပါကြောင်း ပြောကြား သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သင်တန်းနည်းပြများ၊ သင် တန်း သား များနှင့်အတူ ညစာသုံးဆောင်ပြီး သင်တန်း၏အကျိုးထိရောက်မှု၊ လိုအပ်မှု ကိစ္စရပ် များကို ဆွေးနွေးကြသည်။

အဆိုပါသင်တန်းကာလမှာ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁၀ ရက်အထိ ဖြစ်ပြီး ဗြိတိန် နိုင်ငံ ကာကွယ်ရေး တက္ကသိုလ်မှ နည်းပြများ လာရောက်ပို့ချပေးလျက် သည်။ သင်တန်း သို့ တပ်မတော်မှ အရာရှိ ၂၂ ဦး၊ ရဲအရာရှိ ၂ ဦးနှင့် နိုင်ငံ့ ၀န်ထမ်းအရာရှိ ၆ ဦး စုစုပေါင်း ၃၀ တက်ရောက်လျှက်ရှိကြောင်းသိရသည်။

သတင်းစဉ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။