ကျားဆိုတဲ့သတ္တဝါကတော့ ကြောက်ဖို့ကောင်းတဲ့သတ္တဝါလို့ လူတွေသတ်မှတ်ထားကြပေမယ့် တစ်ခါတစ်လေမှာတော့ ကြောင်လေးတစ်ကောင်လို သိမ်မွေ့ပြီး ချစ်စရာကောင်းနေတတ်ပါတယ်။

ဒီတစ်ခေါက်လူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း ကလေးမလေးတစ်ယောက်နဲ့ ကျားကြီးတစ်ကောင်ဟာ သူငယ်ချင်းတွေဆို ဆော့ကစားနေတဲ့ ဗီဒီယိုလေးတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။ 

ဒီဗီဒီယိုလေးဟာ အမေရိကန်နိုင်ငံ Louisiana က တိရိစ္ဆာန်ရုံလေးတစ်ခုအတွင်းက ထွက်ပေါ်လာတဲ့ဗီဒီယိုလေးတစ်ခုပဲဖြစ်ပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ ကျားဟာ ရေကန်လေးထဲမှာ ရေကူးဆော့ကစားနေပြီး ကာထားတဲ့မှန်ဘောင်အပြင်ဘက်ကနေ ကလေးမလေးက အသံပေးပြီး ဆော့ကစားတဲ့အခါမှာတော့ ကလေးမလေးပြုလုပ်သလို ကျားကလိုက်လုပ်ပြီး ဆော့ကစားနေခဲ့ပါတယ်။  

ကလေးမလေး မှန်ဘောင်ကို လက်တင်လိုက်ရင် သူလည်းလိုက်တင်ပြီး ဆော့ကစားနေပုံလေးက ကျားတစ်ကောင်ပုံစံလိုမဟုတ်ဘဲ ယဉ်ပါးလှတဲ့ ကြောင်လေးတစ်ကောင်လိုပါပဲ။

ကျားနဲ့ ကလေးမလေးတို့ ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ဗီဒီယိုလေးကြည့်ပြီး ပရိသတ်တွေလည်း ပျော်ရွှင်ရတဲ့နေရက်လေးတစ်ရက်ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။