ဒါဟာ ကမ္ဘာကျော်အဆိုတော် ဂျက်စတင်ဘီဘာ ရဲ့ ဂုဏ်ပုဒ်ကို ကျဆင်းစေတဲ့ လုပ်ရပ်ပါပဲ။

သြစတေးလျနိုင်ငံမှာ ကနေဒါအဆိုတော် ဂျက်စတင်ဘီဘာ အယောင်ဆောင်ပြီး ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ အဲ့ဒီအမျိုးသားဟာ အသက်(၄၂)နှစ်အရွယ် သြစတေးလျတက္ကသိုလ်က ဥပဒေပါမောက္ခ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသား ဟာ အွန်လိုင်းကနေတစ်ဆင့် ကလေးတွေဆီက ပုံတွေ ကို တောင်းယူပြီး ပြည့်တန်ဆာအဖြစ် အသုံးချခိုင်းစေခဲ့တယ်လို့ ကွင်းစလမ်း ရဲတပ်ဖွဲ့ကပြောပါတယ်။

သူဟာ အဆိုတော်ယောင်ဆောင်ပြီး ကလေးငယ်(၃)ဦး ကို မုဒိမ်းမှုကျုးလွန်ခဲ့တဲ့အပြင် တခြားသောကလေးငယ်တွေကိုလည်း လိင်ပိုင်းဆိုင်ရာစော်ကားမှု ပေါင်း(၉၃၁) ခုကျုးလွန်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဘီဘီစီ သတင်းဌာနက ဖော်ပြထားပါတယ်။

သူဟာ ဖေ့ဘုတ်စ် နဲ့ တွစ်တာ စတဲ့ လူမှုကွန်ရက်တွေကနေ ကလေးသူငယ်တွေကို လိမ်လည်လှည့်ဖျားခဲ့တာပါ။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဂျက်စတင်ဘီဘာ ကိုချစ်တဲ့ ပရိသတ်တွေ၊ ကလေးသူငယ်တွေ ရဲ့မိဘတွေကို ပါ သတိပြုနေထိုင်ကြဖို့ စုံစမ်းစစ်ဆေးရေးအရာရှိ မစ္စတာ ဂျွန်ရောက်စ် က တိုက်တွန်းထားပါတယ်။

ကလေးငယ်တွေရဲ့ ရိုးသားဖြူစင်တဲ့စိတ်ကို ခုတုံးလုပ်ပြီး လိင်စော်ကားမှုကျုးလွန်တဲ့ ဒီလုပ်ရပ်ဟာ စက်စုပ်ရွံရှာပြီး မျက်နှာပြောင်တိုက်တဲ့လုပ်ရပ်ဖြစ်တယ်လို့ မစ္စတာ ရော့က်စ်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူဟာ ကျူးလွန်ခံရတဲ့ ကလေးသူငယ်တွေရဲ့ လုံခြုံရေးအရ နာမည်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။  

သတင်းအရင်းမြစ် BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။