၂၀၁၆ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ပေးပွဲ ကို မတ်လ ၁၈ရက်နေ့ ညရနာရီအချိန်တွင် တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။လောလောဆယ်တော့ ဒီနေ့ မတ်လ(၉)ရက်နေ့မှာ စင်ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပါပြီ။ 

အကယ်ဒမီပေးပွဲ မုခ်ဦးအဝင်ဝမှာ အကယ်ဒမီရွှေစင်ရုပ်ထု (၁၀၀)တိတိထားပေးထားမှာဖြစ်ပြီး မြန်မာ့ရုပ်ရှင်နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်အနေနဲ့ ပြုလုပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီရွှေစင်ရုပ်ထု ၁ဝဝရှေ့မှာ အနုပညာရှင်များ နှင့် တက်ရောက်လာတဲ့ ဧည့်သည်များ အမှတ်တရ ဓာတ်ပုံများရိုက်ကူးခြင်းပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အရင်နှစ်တွေကနဲ့မတူတဲ့ ဘယ်လို ရင်ခုန်စရာကောင်းတဲ့ တင်ဆက်မှုတွေပါမလဲဆိုတာကိုတော့ ပရိသတ်ကြီးစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။