Rafiqul Islam လို့ အမည်ရတဲ့ အသက် 30 အရွယ် အိမ်ထောင်သည်အမျိုးသားဟာ Hawa Akhter (21)နှစ်ရှိသူ ဇနီးသည်ကို ဓားဖြင့်လက်ကိုခုတ်ဖြတ်မှုဖြစ်ပွားခဲ့ပါတယ်။ တက္ကသိုလ်ပညာရေးကို ခွင့်ပြုမထားဘဲ မိမိသဘောနဲ့ လေ့လာနေတဲ့အတွက် ခုတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ခဲ့တာပါတယ်။ 

Rafiqul Islamဟာ ဇနီး Hawa ကို လက်ဆောင်ပေးမယ်လို့ အလိမ္မာသုံးပြီး၊ မျက်နှာကို ပုဝါနဲ့ပထမဦးစွာစည်းခဲ့ပါတယ်။ ၎င်းနောက်မှာတော့ ပါးစပ်ကို တိပ်နဲ့ပိတ်ပြီး၊ ညာလက်ကို ဆွဲကာ ခုံပေါ်တင်ပြီး လက်ချောင်းတွေကို အားရပါးရ ခုတ်ဖြတ်ပစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီပြစ်မှုကို Islam ရဲ့ ဆွေမျိုးတစ်ဦးကပါ ဝိုင်းဝန်းကူညီခဲ့ပြီး၊ ပြတ်တောက်သွားတဲ့ လက်ချောင်းတွေကို လွှင့်ပစ်ခဲ့လို့သိရပါတယ်။

Islam ဟာ UAE မှာ သွားရောက် အလုပ်လုပ်နေပြီး၊ သူဘင်္ဂလားမှာ မရှိတဲ့အချိန်မှာ Hawa က တက္ကသိုလ်ဆက်တက်ပြီး၊ ကျောင်းစာတွေ လေ့လာခဲ့တာဖြစ်လို့ ယခုလိုမျိုးပြုလုပ်ခဲ့တာလို့ သိရပါတယ်။ Islamဟာ ယခင်ကတည်းကပင် ဇနီးဖြစ်သူကို ကျောင်းဆက်မတက်ရန် ခြိမ်းခြောက်မှုတွေရှိခဲံတယ်လို့ သိရပါတယ်။ ဇနီးသည်ပညာတတ်သွားရင် သူ့ရဲ့ အိမ်ထောင်ရေးကို ခြယ်လှယ်မှာလို့ စိုးရိမ်တဲ့ အတ္တကတော့ သူ့ကိုယခုလို ပြစ်မှုကျူးလွန်အောင် တွန်းအားပေးခဲ့တာဖြစ်ပြီး သူရဲ့ပြစ်မှုအတွက်တည်ဆဲဥပဒေအတိုင်း အပြစ်ပေးခြင်းခံယူခဲ့ရတယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - Mail Online

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။