ဦးထုပ်လေးတွေက လူတစ်ယောက်အတွက် ရှိကိုရှိသင့်ပါတယ်။ နွေရာသီပဲဖြစ်ဖြစ် ကမ်းခြေသွားတာပဲဖြစ်ဖြစ် ခရီးသွားတာပဲဖြစ်ဖြစ် ဦးထုပ်လေးတွေက အသုံးဝင်လှပါတယ်။ ဒါကို fashion တစ်ခုအနေနဲ့ panama ဦးထုပ် လေးတွေက နေရာယူနေပါတယ်။ ဒီ panama hat ဟာနှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပါပြီ၊ခုတစ်ဖန် ပြန်ခေတ်စား လာပြန်ပါတယ်၊ ဒီဦးထုပ်လေးတွေဟာ ရိုးရာလက်မှုပညာတစ်ခုလည်းဖြစ်ပါတယ်။Panama ဦးထုပ်လေး တွေကို သမ္မတတွေကစပြီး ရုပ်ရှင်မင်းသားမင်းသမီးတွေအဆုံး ကြိုက်နှစ်သက်ကြပြီး အဆင့်အတန်းတစ်ခုကိုဖော်ပြနေတယ် ဆိုလည်း မမှားပါဘူး။

ဒီဦးထုပ်လေးက တစ်ခြားဦးထုပ်လေးတွေထက် ပိုမိုကြိုက်နှစ်သက်ကြပြီး အသားရောင်အမျိုးမျိုး နဲ့ ဈေးကွက် ထဲမှာ ဈေးနှုန်းအမျိုး quality မျိုးမျိုးကို ရရှိနိုင်ပါတယ်။ အမျိုးသားရော အမျိုးသမီးလေးတွေ ပါ fashion တစ်ခု အနေနဲ့ ဝတ်ဆင်လာကြပါပြီ origin panama hat လေးတွေကိုတော့ carludovica palmate အပင်ကနေ အရွက်တွေနဲ့ ပြုလုပ်တာဖြစ်ပြီး ဈေးကြီးပေးဝယ်ရပါတယ်။

ခု panama hat စစ်စစ်လေးတွေက လက်ရှိဈေးကွက်မှာရှိတဲ့ panama ဦးထုပ်ဈေးနှုန်နဲ့ကွားခြားလွန်းပါတယ်။ တစ်ကယ် panama ဦးထုပ်လေးတွေဆိုရင် ဒေါ်လာ 62 ကနေ 105 အထိ အစားစားရှိကြပါတယ်။ ဒါကတော့ နိုင်ငံအလိုက် ဈေးနှုန်းအလိုက်ကွားခြားပါလိမ့်မယ်။ ကဲ ဒီလောက်ဆိုရင် panama hat လေးတွေနဲ့ လန်းမဲ့ ကိုကိုမမတွေ အတွက် ပုံလေးတွေကိုလည်း တင်ပြပေးလိုက်တယ်နော်။

Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။