နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူကစားသောက်ဆိုင်တစ်ခုတွင်ထူးထူးခြားခြား ပြည်တွင်းဖြစ် စက်ရုပ်တွေကို စားပွဲထိုးအဖြစ်ခန့်အပ်ထားတယ်လို့သိရပါတယ်။အဆိုပါ စားပွဲထိုးစက်ရုပ်တွေကတော့ “နော်လို” ဆိုတဲ့ ဒစ်ဂျစ်တယ်နည်းပညာ အပြည့်အဝအသုံးပြု ထထားတဲ့စွမ်းရည်မြင့်စက်ရုပ်တွေဖြစ်ပါတယ်။ထိုစက်ရုပ်တွေကိုအသုံးပြုထားတဲ့စားသောက်ဆိုင်ဟာ နီပေါနဲ့ တောင်အာရှ နှစ်ခုစလုံးမှာ ပထမဆုံး စားသောက်ဆိုင်ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါဆိုင်မှာ စားသုံးသူတွေက touch screenရီမုကွန်ဒရိုးကို အသုံးပြုပြီးအစားအသောက်များ မှာယူကြရတာပဲ ဖြစ်ပါတယ်။ဧည့်သည်တွေမှာယူထားတဲ့အစားအသောက်များကို စက်ရုပ်စားပွဲထိုးတွေကလည်း ကိုယ့်စားပွဲရှေ့မှောက် အရောက်အမှားအယွင်းမရှိပို့ဆောင်ပေးတာပဲ ဖြစ်ပါတယ်။ဂျင်ဂျာလို့အမည်ရတဲ့ စက်ရုပ်စားပွဲထိုးကို ပါလာဆိုတဲ့ နီပေါ နည်းပညာကုမ္ပဏီက ဖန်တီးပြီး SI နည်းပညာ၊ အရာဝတ္ထုနဲ့ စကားသံကို မှတ်မိခြင်းနဲ့ auto-dock စွမ်းဆောင်ရည်ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။

အားနည်းချက်အနေနဲ့ကတော့ စက်ရုပ်စားပွဲထိုးတွေရဲ့ သွားလာမှုဟာ နှေးကွေးမှုရှိနေတာဖြစ်ပြီးသို့ပေမယ့်လည်း သူတို့ကို စားသုံးသူတွေနဲ့ ကလေးတွေက သဘောကျကြကြတယ်လို့သိရပါတယ်။စားသုံးသူတစ်ဦးကတော့ စက်ရုပ်ဝန်ဆောင်မှု ပေးတာကို ကျေနပ်ပျော်ရွှင်တယ်၊ မိသားစုနဲ့ မိတ်ဆွေတွေကို ဒီဝန်ဆောင်မှုအကြောင်း ထောက်ခံပြောဆိုသွားမယ်လို့ ဆိုပါတယ်။ 

သတင်းအရင်းအမြစ် - DVB  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။