ဒီနေ့ညရဲ့နိုဝင်ဘာညချမ်းတွေမှာတော့ဥရောပရဲ့အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်ပြီးပရိတ်သတ်တွေစိတ်အဝင်စားဆုံးအားပေးအများဆုံးချန်ပီယံလိဂ်ပြိုင်ပွဲကြီးရဲ့အုပ်စုပွဲတွေကိုကစားတော့မှာဖြစ်ပါတယ်။အုပ်စုပွဲတွေပြီးဖိုနီးလာတဲ့အမျှအသင်းတိုင်းကတော့အုပ်စုတက်ဖို့အတွက်လက်ကျန်ပွဲတွေမှာအကောင်းဆုံးကြိုးစားကစားရမှာလည်းဖြစ်ပါတယ်။ 

ချန်ပီယံလိဂ်အုပ်စုတွေထဲကမှအုပ်စု(ဂ)မှာပါဝင်တဲ့အသင်းတွေရဲ့ပွဲစဉ်တွေကတော့ဒီနေ့ညမှာပရိတ်သတ်တွေကိုမတူညီအောင်ရသတွေပေးနိုင်တော့မှာဖြစ်ပါတယ်။နာမည်ကြီးPSGအသင်းကအိမ်ကွင်းမှာမနှစ်ကချန်ပီယံလိဂ်မှာဒုတိယရထားတဲ့လီပါပူးအသင်းနဲ့ကစားရမှာဖြစ်ပါတယ်။နှစ်သင်းလုံးကတော့ဒီနေ့ပွဲကိုအနိုင်ရမှအုပ်စုတက်ဖို့မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ 

ပထမအကြော့တွေ့ဆုံမှုမှာတော့လီပါပူးအသင်းကအိမ်ကွင်းမှာ(၃-၂)ဆိုတဲ့ရလဒ်နဲ့အနိုင်ရထားတာဖြစ်ပါတယ်။လက်ရှိမှာတော့ပါပူးအသင်းက၆မှတ်နဲ့နာပိုလီအသင်းကိုရမှတ်တူဂိုးကွာခြားချက်နဲ့အုပ်စုအဆင့်၁နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။PSGအသင်းကတော့ရမှတ်၅မှတ်နဲ့တတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။PSGအသင်းကCrvena Zvezda အသင်းကလည်း၄မှတ်ရရှိထားတာကြောင့်သူတို့အုပ်စုရဲ့ပွဲစဉ်တိုင်းကတော့အကြိတ်အနယ်နဲ့နောက်ဆုံးမိနစ်ထိအသက်ဝင်နေမှာဖြစ်ပါတယ်။အေချမ်းတဲ့ဆောင်းတွင်းအေးမြမှုတွေကိုအံတုရင်းအုပ်စုတက်ဖို့ကြိုးစားကြမယ့်PSGအသင်းနဲ့လီပါပူးအသင်းတို့ပွဲလေးကိုလည်းအားပေးကြပါဦးနော်။

SPURCE:Liverpool FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။