ဟိုဘက်အိမ်ကညတိုင်းညတိုင်း စာအကျယ်ကြီးကျက်တတ်တဲ့ ဆယ်တန်းကျောင်းသူကို ကျနော်တို့အဖွဲ့က ချစ်စနိုးလေးနဲ့ ရေဒီယိုကမာရွတ်လို့မှည့်ထားတယ်

အို့ ...  ‌ရေဒီယိုကမာရွတ်‌‌ရေ  ကြိုးစားလိုက်စမ်းကွယ် Dတွေနဲ့အောင်ဖို့ဆုတောင်းပေးမယ့်သူတွေရှိတယ် ။

၁၀ တန်‌း‌ဖြေဆိုမည်‌့ ‌ကျောင်‌းသူ‌လေးကိုလက်‌‌ဆောင်‌‌ပေးသီဆိုခဲ့‌သောသီချင်‌း‌လေးကို ယခုလို၁ဝတန်‌း‌ဖြေကြသည်‌့အချိန်‌မှာကြားရသည်‌။ သီချင်‌း‌လေးကိုဆိုခဲ့သူ စိုင်‌းထီးဆိုင်‌ကား မရှိ‌တော့။လွန်‌ခဲ့‌သော၉နှစ်‌ ကဒီရက်‌တွင်‌ ‌လောကကြီးကိုစွန်‌့ခွာသွားခဲ့ပါပြီ။စိုင်‌းထီးဆိုင်‌ကိုသတိရလွမ်‌းဆွတ်‌‌သောအားဖြင်‌့သူ့ရဲ့ ဘိုင်‌အိုဂရပ်‌ဖီအကျဉ်‌း‌လေးကို ‌ရေးပြချင်‌ပါတယ်‌။

လွမ်‌း‌တော်‌မူ၍စာကိုစီပါတယ်‌။

၁၀.၃.၂၀၀၈ ခုနှစ်‌ နံနက်‌၅း၄၅ အချိန်‌တွင်‌ ဦးထီးဟုချစ်‌စနိုး‌ခေါ်ကြ‌သော ရှမ်‌းအဆို‌တော်‌ကြီးသည်‌ ရန်‌ကုန်‌ပြည်‌သူ့‌ဆေးရုံကြီးတွင်‌ကွယ်‌လွန်‌သွားခဲ့ပါသည်‌။

ကျွန်‌‌တော်‌တို့ချစ်‌ရတဲ့စိုင်‌းထီးဆိုင်‌ကိုရှမ်‌းပြည်‌နယ်‌‌တောင်‌ပိုင်‌းလင်‌း‌ခေးမြို့မှာမွေးဖွားခဲ့ပါတယ်‌။

‌လင်‌‌ခေး‌ကျောင်‌း၊လွယ်‌လင်‌‌ကျောင်‌းတို့မှာတက်‌ပြီးကိုးတန်‌း‌အောင်‌‌သောအခါ‌တောင်‌ကြီးမှာ‌ကျောင်‌းတက်‌ခဲ့ပါတယ်‌။‌တောင်‌ကြီးမှာ‌ကျောင်‌းတက်‌ရင်‌း ‌နောင်‌တစ်‌ချိန်‌ မှာ နာမည်‌‌ကျော်‌‌တေး‌ရေးဆရာဖြစ်‌လာမယ်‌့ စိုင်‌းခမ်‌းလိတ်‌နဲ့‌တွေ့ဆုံခဲ့ပါတယ်‌။

၁ဝတန်‌း‌အောင်‌တဲ့အခါ စိတ်‌ပညာ ‌မေဂျာနဲ့ မန္တ‌လေးတက္ကသိုလ်‌ကို‌ရောက်‌ခဲ့ပြီး စိုင်‌းခမ်‌းလိတ်‌နဲ့ပြန်‌လည်‌‌တွေ့ဆုံခဲ့ကြသည်‌။‌မောင်‌့လပြည်‌ဝန်‌းသီချင်‌း‌ပိုင်‌ရှင်‌ကို‌နေဝင်‌းနဲ့လည်‌းမန္တ‌လေးမြို့

တွင်‌‌တွေ့ဆုံခဲ့ကြပါတယ်‌။

၁၉၇၃ မှာစိုင်‌းခမ်‌းလိတ်‌ ၊စိုင်‌းထီးဆိုင်‌၊ ‌စောသိမ်‌းဝင်‌း၊ ခွန်‌မျိုးလွင်‌တို့ဟာ The Outsiders ဆိုတဲ့တီးဝိုင်‌းကို မန္တ‌လေးမြို့မှာဖွဲ့စည်‌းခဲ့ကြတယ်‌။သိပ်‌မကြာခင်‌မှာပဲThe Outsiders အဖွဲ့ဟာ စိုင်‌းခမ်‌းသီ၊‌စောဂျက်‌ဆင်‌၊‌စော‌ဂျော်‌နီတို့ရဲ့ The Highlanders တီးဝိုင်‌းနဲ့‌ပေါင်‌းကာ နာမည်‌‌ကျော်‌ The Wild Ones

တေးဂီတအဖွဲ့ကိုဖွဲ့စည်‌းခဲ့ပါတယ်‌။

The Wild Ones ကိုဖွဲ့စည်‌းပြီး‌နောက်‌မှာ ‌နွေရာသီ၊ချစ်‌တာတစ်‌ခုပဲသိတယ်‌၊စိုင်‌းပြန်‌ရအုံးမယ်‌ စတဲ့သီချင်‌း‌တွေပါတဲ့အယ်‌ဘမ်‌ကိုဖြန်‌့ချီခဲ့ကာဝက်‌ဝက်‌ကွဲ‌အောင်‌မြင်‌ခဲ့ပါတယ်‌။‌နောက်‌မန္တ‌လေး‌ရောက်‌ရှမ်‌းတစ်‌‌ယောက်‌အယ်‌ဘမ်‌ထွက်‌လာသည်‌။ထိုအယ်‌ဘမ်‌မှာလည်‌း လက်‌မလည်‌‌အောင်‌ပင်‌ကူးရ‌အောင်‌‌အောင်‌မြင်‌ခဲ့သည်‌။‌နောက်‌ဆက်‌၍ ခြ‌င်္သေ့လည်‌ပြန်‌(သို့မဟုတ်‌)ပြန်‌ညှိရမယ်‌့ကာရန်‌၊

စိတ္တဇအလွမ်‌း၊ပျံသာပျံပါ‌ရွှေဟင်္သာ(‌ကျေနပ်‌ပါ‌တော့)၊အိပ်‌စက်‌အနားယူပြီစသည်‌့စီးရီးများစီကာစဉ်‌ကာထွက်‌ရှိလာခဲ့သည်‌။စိုင်‌းထီးဆိုင်‌‌နောက်‌ဆုံးသီဆိုခဲ့‌သော‌တေးစီးရီးမှာ စိုင်‌းခမ်‌းလိတ်‌၏သမီး နန်‌းခမ်‌းနွဲ့လိတ်‌နှင်‌့သီဆိုခဲ့‌သောတွဲဖက်‌‌ကောင်‌း‌တေးစီးရီးပင်‌ဖြစ်‌ပါသည်‌။

အခုဆိုရင်‌‌မေမြို့မှာမိုး‌ခေါင်‌တာ ၉နှစ်‌ရှိသွားပါပြီ။

‌မောင်‌့လပြည်‌့ဝန်‌းကြီးမသာ‌တော့တာလည်‌း၉နှစ်‌တိုင်‌တိုင်‌ရှိခဲ့ပါပြီ။

လွမ်‌းခြင်‌းအားဖြင်‌့....စိုင်‌းထီးဆိုင်‌သို့

Source-Naing Zaw

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။