ဒီကလေးလေးရဲ့နာမည်ကတော့ Baron ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့လကမှ မွေးဖွားခဲ့တဲ့ ကလေးငယ်လေးတစ်ဦးပဲဖြစ်ပါတယ်။

ဒီကလေးလေးဟာ အရမ်းထူးခြားတဲ့ပုံစံနဲ့မွေးဖွားလာတယ်လို့ ဆိုရလောက်အောင်ပင် သူ့ရဲ့ခြေထောက်တွေဟာ မွေးဖွားလာထဲက direction ပြောင်းပြန်ဖြစ်နေခဲ့ပါတယ်။

ဆရာဝန်တွေရဲ့ပြောပြချက်အရဆိုရင်တော့ ဒီကလေးလေးဟာ ခြေထောက်ပြောင်းပြန်ပေါက်နေတဲ့အတွက် တစ်သက်လုံး လုံးဝလမ်းလျှောက်နိုင်မှာမဟုတ်ပါဘူး။

ဒါ့အပြင် ဒီကလေးဟာ အရမ်းနာကျင်ကိုက်ခဲတဲ့ ဝေဒနာကိုခံစားနေရတာကြောင့် သူ့ကို ဆေးဝါးတွေနဲ့ ကယ်တင်နေရသလို ဒီဖြစ်ရပ်တွေကိုမြင်တွေ့နေရတဲ့ မိဘနှစ်ပါးကလည်း အမြဲလိုမျက်ရည်နဲ့မျက်နှာဖြစ်နေတယ်လို့သိရပါတယ်။ 

ဒါ့အပြင် ဒီကလေးလေးဟာ အူမကြီးနဲ့ ကျောက်ကပ်ဝေဒနာတွေကိုပါ ခံစားနေရတာကြောင့် ဆေးရုံမှာပဲထားရှိကုသနေရပါတယ်။

အတိတ်ဘဝက ဘာတွေလုပ်ခဲ့လို့ ဒီဘဝမှာ အခုလိုကံဆိုးခဲ့ရသလဲဆိုတာတော့ မသိရပေမယ့် သူရဲ့မိဘနှစ်ပါးအတွက်ကော ကလေးငယ်လေးအတွက်ကောကတော့ တကယ့်ကိုအိမ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။

SOURCE -DAILY MAIL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။