ပြည်တွင်း အမြဲလိုလိုကြားနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိုက်မှုတွေကတော့ များစွာပါဝင်နေတာအားလုံးလည်း သိကြမယ်ထင်ပါတယ်။ အဆိုပါ ယာဉ်တိုက်မှုတွေထဲမှာ မော်တော်ဆိုင်ကယ်တိုက်မှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာလည်း ပြင်းထန်တဲ့ယာဉ်တိုက်မှုတစ်ခုကတော့ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုကတော့ နိုဝင်ဘာလ ၂၈ရက်နေ့ ဒီကနေ့မှာ မော်လမြိုင်စက်မှုဇုန် GTI ကျောင်းလမ်းအနီးတွင် ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဉ်ကတော့ ဒီကနေ့ နေ့လည် ၂ နာရီ ဝန်းကျင်လောက်က ကျောင်းသားမောင်းမော်တော်ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိဆိုးရိမ်အခြေနေကြောင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရပါတယ်။  

လက်ရှိအထိ အမည်နေရပ်လိပ်စာအတိအကျမသိရှိရသေး သက်ဆိုင်ရာတာဝန်ရှိသူများဆက်လက်ရှာဖွေလျှက်ရှိကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ ဒီကနေ့ မော်လမြိုင်မြို့ စက်မှုဇုန်GTI ကျောင်းလမ်းဝအနီးဖြစ်ပွားခဲ့တဲ့ ကျောင်းသားမော်တော်ဆိုင်ကယ်နှစ်စီးတိုက်မှုပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - မှုခင်းသတင်းစုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။