အနုပညာလောကမှာ လူပျိုကြီးလုပ်တော့မှာလားလို့ ပရိသတ်တွေ ထင်နေတဲ့ မင်းဦးက တော့ မကြာသေးခင်ကမှ သူ့ရဲ့ဇနီးငယ်ငယ်လေးနဲ့ လက်ထက်ပြီး ပျော်ရွှင်သာယာတဲ့ အိမ် ထောင်ရေးလေးတစ်ခုကိုထူထောင်ခဲ့တာ ပရိသတ်ကြီး သိပြီးဖြစ်မှာပါ ။ မကြာခဏ အလှူ အတန်းတွေလုပ်ပြီး ခရီးတွေ အတူထွက်နေကြတဲ့ သူတို့ဇနီးမောင်နှံရဲ့ တကယ်ကို အေးချမ်း ပြီး သာယာနေတဲ့ဘဝလေးကို ပရိသတ်ကြီးလည်း မြင်တွေ့နေရတဲ့အတိုင်းပါဘဲ ။

လတ်တလောမှာတော့ မင်းဦးတစ်ယောက် ဝါကျွတ်ကာလမှာ မင်္ဂလာဆောင်ကြမယ့် မင်္ဂလာစုံတွဲလေးတွေအတွင် သူတို့ဇနီးမောင်နှံ မင်္ဂလာဆောင်ခဲ့စဉ်က Pre-wedding ပုံရိပ်လေးတွေကို ပရိသတ်ကို ပြန်လည်မျှဝေပေးခဲ့ပါတယ် ။ ချစ်စရာကောင်းပြီး အရမ်းလှ တဲ့ သူတို့ရဲ့ Pre-wedding ပုံရိပ်လေးတွေကို Idea အနေနဲ့ အတုယူပြီးရိုက်လို့ရအောင် စေတနာနဲ့မျှဝေပေးလိုက်တာဘဲ ဖြစ်ပါတယ် ။ မအေးသောင်းကတောင် အားကျနေပြီလို့ မှတ်ချက်ပေးထားပါသေးတယ် ။

အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ အရွယ်တင်နုပျိုခြင်းတွေနဲ့ အမြဲပျော်ရွှင်တက်ကြွ နေ တတ်တဲ့ သရုပ်ဆောင်မင်းဦးကတော့ သူ့ရဲ့ဇနီးငယ်ငယ်လေးနဲ့အရမ်းကိုလိုက်ဖက်တဲ့ ဇနီး မောင်နှံလေးပါဘဲ ပရိသတ်ကြီးရေ .။ ချစ်ပရိသတ်ကြီးကလည်း pre-wedding ရိုက်မယ် ဆိုရင် မင်းဦးတို့ဇနီးမောင်နှံလို ချစ်စဖွယ်ပုံရိပ်လေးတွေရိုက်ကူးကြပါနော် ။

Source : Min Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။