တောင်ကိုရီးယားနိုင်ငံမှာ ခွေးသားတွေ ရောင်းနေတဲ့ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး ခွေးသတ် ရုံဝင်းကို အာဏာပိုင်တွေက စတင်ဖြိုဖျက်နေပါပြီ။ ဆိုးလ်မြို့တောင်ပိုင်း ဆောင်နမ်မြို့ ထဲမှာရှိ တဲ့ တိုင်ပြုံတုံ ခွေးသတ်ရုံဝင်းဟာ တောင်ကိုရီးယား တစ်နိုင်ငံလုံးကို ခွေးသားတွေ ဖြန့်နေတာ ဖြစ်ပြီး ခွေးသတ်ရုံ ၆ ရုံအထိ ရှိပါတယ်။ အဲဒီဝင်းကို ၂ ရက်အတွင်း အပြီး ဖျက်သွားမှာဖြစ် ပြီး အဲဒီနေ့ရာမှာ အများပြည်သူ သွားလာနိုင်တဲ့ ပန်းခြံဆောက်မှာဖြစ်ပါတယ်။

တောင်ကိုရီးယားမှာ ခွေးသားကို စားကောင်းသောက်ဖွယ် အဖြစ်စားသုံးလေ့ရှိပြီး တနှစ် ကို ခွေးကောင်ရေ တသန်းနီးပါး သတ်ဖြတ်စားသုံးနေပါတယ်။ "ဒါဟာ ရာဇဝင်တွင်တဲ့ လှုပ် ရှားမှု တခုပဲ " လို့ ကိုရီးယား တိရစ္ဆာန် အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့ KARA က သူတို့ကြေညာချက်ထဲမှာ ထုတ်ပြန်ထားပါတယ်။ ဒါဟာ ကိုရီးယား တနိုင်ငံလုံးမှာရှိတဲ့ ခွေးသားရောင်းတဲ့ ဆိုင်တွေကို ပိတ်ပင်ဖို့အတွက် လမ်းစဖွင့်ပေး လိုက်သလိုဖြစ်ပြီး ခွေးသား စားတဲ့ အလေ့အကျင့်ကို ဖယ်ရှားနိုင်မယ်လို့ တိရစ္ဆာန် အခွင့်အရေး ကာကွယ်သူတွေက မျှော်လင့်နေကြပါတယ်။ တောင်ကိုရီးယားက နွေရာသီမှာ ကျင်းပလေ့ရှိတဲ့ နှစ်သစ်ကူး သုံးရက်တာ ကာလအတွင်း အများဆုံးစားသုံးတဲ့ အစားအစာကတော့ ခွေးသားပဲဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကြက်သားကို ပြောင်းလဲ စားသုံးကြသူတွေလည်း တိုးလာပါ တယ်။

ဒီဓလေ့ကို ပျောက်သွားဖို့ အားထုတ်သူတွေကြောင့် ခွေးသားစားတဲ့ ဆိုင်တချို့ တောင် ကိုရီး ယားမှာ ပိတ်သွားပြီဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ဆိုင်ပေါင်း ၇၀၀ ပိတ်သိမ်းလိုက်ပါတယ်။ ဒီလို ခွေးသားစားတဲ့ဓလေ့ ပျောက်သွားဖို့ အားထုတ်နေတဲ့ လှုပ်ရှားတက်ကြွသူတွေ ရှိသလို တောင်ကိုရီးယား အများစုဟာ ခွေးတွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် ပိုမွေးလာနေကြပါ တယ်။

Source : BBD burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။