မကြာသေးမီက ပျံ့လွန်တော်မူသွားတဲ့ မြိုင်ကြီးငူဆရာတော်ကြီးရဲ့ သတင်းတွေကိုတော့ ပရိသတ်တွေလည်း ကြားသိနေကြမယ်ထင်ပါတယ်။ ပြည်တွင်းနာမည်ကြီး ဗုဒ္ဓဘာသာ ဆရာတော်ကြီးတစ်ပါးဖြစ်တဲ့အပြင် ပြည်တွင်းအနယ်နယ်အရပ်ရပ်ကယုံကြည်ကိုးကွယ်သူများစွာရှိနေတဲ့ ဆရာတော်ကြီးတစ်ပါးလည်းဖြစ်တာတွေ့ရပါတယ်။ ဆရာတော်ကြီးရဲ့ ရုပ်ကလပ်ကိုတော့ မနေ့ညက မီးသဂြိၤုလ်မှုပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ပွဲအခမ်းအနားကိုတော့ ဆရာတော်ကြီးရဲ့ တပည့်သာဝကများစွာတက်ရောက်ပူဇော်ခဲ့ပြီး စည်စည်ကားကားပြုလုပ်ကျင်းပခဲ့ကြတာတွေ့ရပါတယ်။ ဆရာတော်ကြီးရဲ့ ဆန္ဒအတိုင်း ရုပ်ကလပ်ကို နိဗ္ဗာန်ယာဉ်ဖြင့်ပို့ဆောင်ကာ နိဗ္ဗာန်ယာဉ်ပါတပါတည်း မီးရှို့ခဲ့ကြောင်း သိရပါတယ်။  

ဒါအပြင် ဆရာတော်ရဲ့ အရိုးတော်ဓာတ်တော်များကို ပူဇော်ထားရှိရန် ပြန်လည်ဆယ်ယူမှုတွေပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ မနေ့ညက မြိုင်ကြီးငူဆရာတော်ကြီးရဲ့ မီးသဂြိၤုလ်မှုပုံရိပ်တွေနဲ့အတူ အရိုးဓာတ်တော်များကို ဖူးမျှော်နိုင်ရန်မျှဝေပေးလိုက်ပါတယ်။

Video - မာံသုခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။