Myanmar Idol Season 2 Top5 မှာ PANTENE Wild Card ဘယ်သူရမလဲဆိုတဲ့ မေးခွန်းတွေက ပြိုင်ပွဲမတိုင်ခင်ညအထိ ပရိသတ်တွေ အတော်လေးသိချင်နေကြတာပါ။

ပရိသတ်နည်းတယ်လို့ သူ့ကိုသူအားငယ်စိတ်ဝင်ခဲ့တဲ့ ဇင်ကြီးက အခုတော့ သူ့ကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေအမြောက်အများ ရှိတယ်ဆိုတာ လက်တွေ့ကြုံလိုက်ရပါပြီ။

ဇင်ကြီး ဟာ ရဲနောင် ထက် Voting ပိုသာသွားတဲ့အတွက် Wild Card နဲ့အတူ ထိုက်ထိုက်တန်တန်ပြန်လာခွင့်ရလိုက်ပါတယ်။

မြန်မာပြည်သိန်းတန် အပါအဝင် ဒိုင်(၃)ဦး ရဲ့ ဝမ်းသာဂုဏ်ပြုစကားတွေကိုလည်း ထိုက်တန်စွာ ရရှိလိုက်ပါတယ်။

ဇင်ကြီးအနေနဲ့ သူအခုလို ပြန်လာခွင့်ရတာဟာ ပရိသတ်တွေကျေးဇူးကြောင့် ဖြစ်သလို အားပေးတဲ့တစ်ယောက်ချင်းစီတိုင်းကို ဦးခိုက်လျက်ကျေးဇူးတင်တယ်လို့ မနေ့ညက သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် သူ့ရဲ့ပြိုင်ပွဲဝင်မောင်နှမတွေနဲ့လည်း ပျော်ပျော်ပါးပါး ဆယ်ဖီ ရိုုက်ခဲ့ပါသေးတယ်။

Voting No. 3 ဇင်ကြီး ဟာ မနေ့ကယှဉ်ပြိုင်ခဲ့တဲ့ ထူးအိမ်သင် ရဲ့ အမေရဲ့ ဒုက္ခအိုးလေး သီချင်းကိုလည်း အကောင်းဆုံးသီဆိုပြနိုင်ခဲ့ပါတယ်။

ပရိသတ်တွေရော ဇင်ကြီးပြန်လာခွင့်ရတာဝမ်းသာနေကြလား..ဒီနေ့အတွက် (၆)နာရီမတိုင်ခင် မဲပေးကြဖို့လည်း မမေ့နဲ့ဦးနော်။

သတင်းအရင်းမြစ် Zin Gyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။