ယနေ့ခေတ်ကာလမှာတော့ အတန်းပညာကို အလွယ်တကူတက်ရောက်ခွင့်ရပေမယ့် မလိုချင်ကြတဲ့ကလေးငယ်တွရှိကြသလို ကျောင်းတက်ဖို့အတွက်အခက်အခဲတွေများစွာရှိပေမယ့် ဒီအခက်အခဲလေးတွေကနေ ရအောင်ကျိုးစားပြီး စာသင်ကြားကြရတဲ့သူလေးတွေလည်းများစွာရှိနေပါတယ်။

အခက်အခဲတွေကြားကနေ စာကြိုးစားသင်ယူနေတဲ့သူတွေထဲမှာတော့ တရုတ်နိုင်ငံက Ji HongHong ဆိုတဲ့ကလေးမလေးတစ်ဦးလည်းပါဝင်နေသလို သူမရဲ့စာကြိုးစားပုံတွေက မြင်တွေ့ရသူတိုင်းကို ဂရုဏာသက်စေခဲ့ပါတယ်။  

သူမဟာဖခင်နဲ့အတူနေထိုင်တဲ့သမီးလေးတစ်ယောက်ဖြစ်ပြီး စားသောက်စရာမရှိတာကြောင့် သမီးအဖ နှစ်ယောက်လုံး တောင်းရမ်းစားသောက်နေရတာပဲဖြစ်ပါတယ်။

အခုလိုအေးစက်နေတဲ့လမ်းမကြီးပေါ်မှာ တောင်းရမ်းစားသောက်နေရတာတောင်မှ ဒီကလေးငယ်လေးဟာ ဂွမ်းစောင်းအနွမ်းလေးခြုံ သူ့ရှေ့မှာစားပွဲသေးသေးချ အဲ့စားပွဲလေးရဲ့ရှေ့မှာ တောင်းရမ်းတဲ့ခွက်ကလေးချပြီး စာကိုပဲအာရုံစိုက် ကျိုးစားနေသူလေးပဲဖြစ်ပါတယ်။

ကျောင်းဖွင့်ရက်လေးတွေမှာကျောင်းတက်ပြီး ကျန်တဲ့အချိန်တွေအားလုံး ဖခင်နဲ့အတူ လိုက်လံတောင်းရမ်းနေရပေမယ့် သူ့ဘဝကိုအလင်းဆောင်ပေးနိုင်တဲ့ ပညာကိုတော့ ငယ်ငယ်ရွယ်လေးနဲ့ကို အင်မတန်မှကျိုးစားလှတဲ့ ကလေးငယ်လေးပဲဖြစ်ပါတယ်။  

ဒီကလေးမလေးစာလုပ်နေတဲ့အရာက တခြားသူတွေလို သက်တောင့်သက်သာမရှိလှပါဘူး ၊ ဒါ့အပြင် အရမ်းအေးနေတဲ့လမ်းမပေါ်မှာ အနွေးထည်ကောင်းကောင်းလေးတစ်ထည်လည်းမဝတ်နိုင်ပါဘူး။ သူမကို ကျူရှင်သဘော နဲ့သင်ကြားပြသပေးမယ့် ဆရာဆရာမတွေလည်းမရှိကြပါဘူး ၊ လမ်းမအလယ်မှာ သူများကျွေးတာလေးစား ပေးတာလေးယူပြီး ပညာကိုလိုလိုချင်ချင်နဲ့ ကြိုးစားနေတဲ့ ဒီကလေးမလေးရဲ့အကြောင်းကတော့ တရုတ်နိုင်ငံမှာသာမက နိုင်ငံတော်တော်များပါ ပြောစမတ်တွင်ကျန်ရစ်ခဲ့တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ 

Source _ NEXTSHARK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။