မန္တလေး-ပြင်ဦးလွင် သို့ တူနှစ်ကိုယ်ခရီးထွက်နေတဲ့ သဥ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံ

မကြာခင်မှ အင်ဒိုးနီးရှားနိုင်ငံ ဘာလီကျွန်းသို့ ဟန်းနီးမွန်းခရီးထွက်ထားကြတဲ့ သဥ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံဟာ ပြင်ဦးလွင်သို့ ရောက်ရှိနေပြန်တယ်လို့ သိရပါတယ်။

သဥ္ဇာနွယ်ဝင်းဟာ သူမရဲ့ ဘဝလက်တွဲဖော် အိမ်ထောင်ဖက်အဖြစ် ကိုလှမျိုးမြင့် ကိုရွေးချယ်ခဲ့ရာ သူမရဲ့ပရိသတ်တွေကတော့ ရွေးချယ်မှု မှန်ကန်တယ် သိပ်ကံကောင်းတယ်ဆိုပြီး ပြောနေကြပါတယ်။ သဥ္ဇာတစ်ယောက်ပျော်နေတယ်ဆိုတာကိုတော့ သူမတင်ထားတဲ့ ဓာတ်ပုံလေးတွေမှာ သူမရဲ့ အသက်ဝင်တဲ့ အပြုံးတွေက ဖော်ပြနေပါတယ်။

ဟန်းနီးမွန်း သွားတုန်းကဆိုရင်လည်း သူမတို့ရဲ့ စုံတွဲပုံလေးတွေကို သူမပရိသတ်ဆီချပြပြီး သူမဘယ်လောက်ထိပျော်ကြောင်း သူမခင်ပွန်းကို ဘယ်လိုချစ်ကြောင်း စာသားလေးတွေနဲ့အတူ သူမရဲ့ လူမှုစာမျက်နှာပေါ် တင်လေ့ရှိပါတယ်။ ယခုတစ်ခါလည်း သူမတို့ ဇနီးမောင်နှံရဲ့ မန္တလေး ပြင်ဦးလွင် ခရီးဓာတ်ပုံလေးတွေကို သူမရဲ့ ဖေ့ဘွတ်ခ် မှာတင်ထားတာတွေ့ရပါတယ်။

မန္တလေးမဟာမြတ်မုနိ ဘုရားကြီးကိုစောစောထဖူးခဲ့တာတွေ ပိတ်ချင်းမြောင်ကို သွားပြီးဘုရားဖူးခဲ့တာတွေ ဒီဇင်ဘာခြံမှာ အနားယူနေတဲ့ ဓာတ်ပုံလေးတွေကို တင်ထားခဲ့ပြီး သူမချစ်တဲ့ ခင်ပွန်းနဲ့ပတ်သတ်ပြီးတော့ ယခုလိုရေးသားထားတာကို တွေ့ရပါတယ်။

"I love it when I catch you looking at me, and then you smile and look away. You are my everything ?" တဲ့လေ ပရိသတ်ကြီးရေ……

Source: Thinzar Nwe Win

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။