ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ချက် အမှတ်၊ ၂/၂၀၁၇ ၁၃၇၈ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်အနေဖြင့် ၂၀၁၇ ခုနှစ်၊ မတ်လ ၉ ရက်နေ့က “နိုင်ငံ့ဝန်ထမ်းများ မဟာသင်္ကြန်နှစ်သစ်ကူး အနားယူကာလ (၁၀)ရက်တိတိ ရရှိခံစားရေး” ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

အရင်ရက်တွေတုန်းကတော့ သင်္ကြန်ပိတ်ရက်ကို ၅ရက်သာ ထားရှိဖို့ စီစဉ်နေလို့ လူမှုကွန်ရက်ကြားမှာ ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်သံတွေကြားရခဲ့ပါတယ်။ ယခုလို ထုတ်ပြန်ပေးတဲ့အချက်ကတော့ ဒီနှစ်မှာတော့ ၁၀ရက်ပေးသွားမယ်လို့ သိရပြီး နောက်နှစ်တွေမှာတော့ ၅ရက်ပြောငး်လဲဖို့ ပြင်ဆင်နေကြောင်း အသိပေးထုတ်ပြန််ခြင်းလည်းဖြစ်ပါတယ်။

တချို့ နယ်တွေမှာ ကျတဲ့ဝန်ထမ်းတွေကတော့ နောက်နှစ်တွေ သင်္ကြန်ပိတ်ရက် ၅ရက်အဖြစ်ပြောင်းလဲပြင်ဆင်တဲ့အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်လျက်ရှိပါတယ်။ သူတို့ဟာ အသွားအပြန် ၄ရက်ခရီးကြာတဲ့နေရာတွေမှာ ၅ရက်ပဲပိတ်ပေးတာမို့ အိမ်ကို ၁ရက်ပဲနေရတော့မလားဆိုပြီးလည်း ၀န်ထမ်းတဦးက မှတ်ချက်ပေးထားပါတယ်။

ထုတ်ပြန်စာကိုလည်း ပြည်သူများ နားလည်အောင် ရှင်းရှင်းလင်းလင်း ရေးထားခြင်းမရှိတဲ့အပေါ် ဝေဖန်မှုတွေမြင့်တက်နေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။