မြန်မာဘောလုံးလောကမှာဒဏ်ရာပြဿနာကြောင့်အချိန်တော်ကြာနားနေခဲ့ရတဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ကျော်ကိုကို ကိုတော့ပရိတ်သတ်တွေသိကြမှာပါ။ကလပ်အသင်းမှာသာမကနိုင်ငံလက်ရွေးစင်အသင်းမှာပါအားကိုးရတဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။မနှစ်ကထိုင်းလိဒ်ကလပ်ချင်းရိုင်ယူနိုက်တက်အသင်းကိုအငှားပြောင်းရွေ့ခဲ့ပြီးမကြာခင်မှာဒဏ်ရာပြဿနာကြောင့်တစ်နှစ်ပတ်လုံးဘောလုံးလောကနဲ့ဝေးကွာခဲ့တာပါ။ 

ကျော်ကိုကိုတစ်ယောက်ဒဏ်ရာရသွားတာကတော့ကလပ်အသင်းသာမကနိုင်ငံအသင်းအတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုပဲဖြစ်ပါတယ်။ခုလက်ရှိကျင်းပနေတဲ့ဆူဇူကီးဖလားပြိုင်ပွဲကိုလည်းဒဏ်ရာကြောင့်လွဲချော်ခဲ့ရတာပါ။သူသာပါဝင်နိုင်ခဲ့ရင်မြန်မာလက်ရွေးစင်အသင်းကအုပ်စုတက်နိုင်ဖို့မျှော်လင့်လောက်မှာပါ။နိုင်ငံအသင်းအတွက်အရေးပါတဲ့ဂိုးတွေသွင်းပေးတက်တဲ့ကျော်ကိုကိုကိုတော့ပရိတ်သတ်တွေကသတိရလွမ်းနေကြတာပါ။

ခုမှာတော့ချင်းရိုင်ယူနိုက်တက်အသင်းနဲ့စာချုပ်သက်တမ်းပြည့်သွားလို့မိခင်ကလပ်ရန်ကုန်ယူနိုက်တက်အသင်းကိုပြန်လည်ရောက်ရှိနေပါပြီ။အပေါ့စားလေ့ကျင့်ခန်းတွေလုပ်နေတာဖြစ်တာကြောင့်မကြာခင်သူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေနဲ့အရေးပါတဲ့သွင်းဂိုးတွေကိုပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။တစ်ချိန်ကအရေးပါတဲ့သွင်းဂိုးတွေနဲ့အောင်မြင်မှုတွေယူနိုင်ခဲ့တဲ့ပုံရိပ်လေးကိုလည်းပရိတ်သတ်တွေအတွက်တင်ပေးလိုက်ကပါတယ်။

SOURCE:Yangon United 12th Players

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။