သြစတြေးလျ နိုင်ငံမှာတော့ နစ်ကာလို့ခေါ်တဲ့ ဧရာမအသားစွားနွားကြီးတစ်ကောင်ရှိနေပါတယ်။

၎င်းနွားကြီးကတော့ အရပ် ၆ပေခွဲနီးပေါက်မြင့်ပြီး ကိုယ်အလေးချိန် ပေါင် ၃၀၀၀ ကျော်ရှိတာကြောင့် သာမန်နွားတွေနဲ့ယဉ်လိုက်ရင် အင်မတန်မှ အရွယ်အစားကြီးလွန်းနေတာပဲဖြစ်ပါတယ်။  

အခုလိုအကောင်းကြီးလွန်းနေတာ သူ့ကိုကံကောင်းသွားစေတယ်လို့ဆိုရလောက်အောင်ပင် ၎င်းနွားကြီးဟာ တခြားနွားတွေလိုပဲ လူတွေအသားစားရဖို့အတွက် သားသတ်ရုံကို ပို့ဆောင်ခံရမယ်ဘေးကနေ တာဝန်ရှိသူတွေဟာ သားသတ်ရုံနဲ့မဆန့်ဘူးလို့ယူဆပြီး ၎င်းနွားကြီးနစ်ကာကို သတ်မယ့်လေးမှ လွှတ်ပေးခဲ့ပါတယ်။  

အဲ့တာကြောင့် ဒီနွားကြီးဟာ သြစတြေးလျနိုင်ငံမြောက်ပိုင်းက မိုင်ယာလက်ပ်နွားခြံမှာ တစ်သက်တာနေထိုင်သွားရတော့မှာပဲဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံရဲ့ အကြီးဆုံးနွားကြီးလို့ သတ်မှတ်ခံထားရတဲ့ နစ်ကာ အတွက်တော့ သူရဲ့အရွယ်အစားကြီးမှုဟာ သူ့ကိုသက်တမ်းစေ့နေနိုင်အောင်ကူညီသွားခဲ့ပြီပဲဖြစ်ပါတယ်။

source -dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။