ရုရှားနိုင်ငံကဖမ်းထားတဲ့ ယူကရိန်းရေတပ်သား တွေကိုတော့ တရားမစွဲခင် နစ်လချုပ်ထားမယ်လို့သိရပါတယ်။

အခုလိုဆုံးဖြတ်ချက်ကိုတော့ ခရီုင်းမီးယား တရားသူကြီးက နိုဝင်ဘာလ ၂၈ ရက်နေ့မှာ အမိန့်ချမှတ်လိုက်တာပဲဖြစ်ပါတယ်။  

၎င်းရေတပ်သားတွေကတော့ ရုရှားပင်လယ်ပိုင်နက်ထဲကို တရားမဝင် ကျူးကျော်ဝင်ရောက်မှုနဲ့ စွပ်စွဲခံထားရတာပဲဖြစ်ပါတယ်။

ရုရှားကဖမ်းဆီးထားတဲ့ ပင်လယ်နက်ထဲကနေ ကာ့ချ်ရေလက်ကြားကို ဖြတ်သန်းပြီး အာ့ဇော့ဗ်ပင်လယ်ထဲကို ဖြတ်ကူးဖို့ ကြိုးစားခဲ့တဲ့ ယူကရိန်းစစ်သဘောၤ ၂ စီးနဲ့ တွဲလှေတစီးပေါ်မှာတော့ စုစုပေါင်း သဘောၤသား ၂၄ ယောက်ပါလိုက်ပါလာခဲ့တယ်။ 

တရားရုံးရဲ့ အခုလိုဆုံးဖြတ်ချက်ကြောင့်တော့ ၎င်းသဘောၤသားတွေအကုန်လုံးဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ထိထောင်ထဲမှာနေရတော့မှာပဲဖြစ်ပါတယ်။  

source- dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။