အီဂျစ်နိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့တဲ့ မမ်မီရုပ်အလောင်းများတွင် ကမ္ဘာ့ရှေးအကျဆုံး တက်တူးများပါရှိနေတာကို တွေ့ရှိခဲ့တယ်လို့ အာဏာပိုင် များကသတင်းထုတ်ပြန်လိုက်ပါတယ်။အဆိုပါ မမ်မီရုပ်အလောင်းတွေဟာ နှစ်ပေါင်း ၅,၀၀၀ သက်တမ်းရှိတဲ့ ရုပ်အလောင်းတွေဖြစ်တယ်လို့ သုတေသီများရဲ့ လေ့လာမှုတစ်ရပ် အရသိရပါတယ်။အမျိုးသား မမ်မီရုပ် အလောင်း တစ်ခုမှာတော့ လက်မောင်း အပေါ်ဘက်တွင် ကျွဲရိုင်း တစ်ကောင်နှင့် သိုးရိုင်း တစ်ကောင်ရဲ့ ပုံအား ပုံဖော်ရေးဆွဲထားပြီး အမျိုးသမီး မမ်မီရုပ်အလောင်းရဲ့ လက်မောင်း အပေါ်ဘက်နှင့် ပခုံးတို့မှာတော့ အင်္ဂလိပ်အက္ခရာ “S” ပုံအား ရေးထိုး အလှတန်ဆာဆင်ထား တာပဲဖြစ်ပါတယ်။

မမ်မီရုပ်အလောင်း နှစ်ခုကိုတော့ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ခန့်က Upper Egypt ရဲ့တောင်ဘက်ရှိ Gebelein တွင် တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။၎င်းတို့ဟာ ဘီစီ ၃,၃၅၁ နှင့် ၃,၀၁၇ အကြား အသက်ရှင်နေထိုင်ခဲ့ သူများဖြစ် တယ်လို့သုတေသီများရဲ့ ပြောကြားချက်အရသိရပါတယ်။အဆိုပါ မမ်မီရုပ်အလောင်းများကို ဗြိတိသျှ ပြတိုက်တွင် ထိန်းသိမ်း ပြသထားတာဖြစ်ပြီး အမျိုးသား မမ်မီရုပ်အလောင်းရဲ့ တက်တူးများကိုတော့ အနီအောက်ရောင်ခြည်ဖြင့် သေချာစစ်ဆေးကြည့်ရှုပြီး တိရစ္ဆာန်များဦးချို အနည်းငယ်ထပ်နေတဲ့ အနေအထားကို အရေးမကြီးသော မင်စွန်းပေနေတာဖြစ်တယ်လို့သာ ထင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

၎င်းတို့ထိုးထားတဲ့ တက်တူးများရဲ့ သင်္ကေတများကတော့ စွမ်းအားနှင့် သန်စွမ်းခြင်းရဲ့ အဓိပ္ပါယ်ကို ရေးထိုး ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။အမျိုးသားမမ်မီရဲ့ ကျောကုန်းမှာတော့ ဓားထိုးသွင်းဒဏ်ရာတွေ့ရှိခဲ့ရတာ ကြောင့် ၎င်းဟာအသတ်ခံခဲ့ရခြင်းဖြစ်နိုင်ကြောင်း သုတေသနပြောပါတယ်။ယခုလို နောက်ဆုံး တွေ့ရှိချက် မထွက်ရှိမီက ဘီစီ ၃,၃၇၀ နှင့် ၃,၁၀၀ အကြား နေထိုင်ခဲ့ဖွယ်ရှိပြီး အယ်လ်ပိုင်း မမ်မီဟု လူသိများသော Otzi ပေါ်တွင် ရေးထိုးထားသည့် တက်တူးက ရှေးအကျဆုံးအဖြစ် တည်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ အခုနောက်ဆုံး လေ့လာ တွေ့ရှိ ချက်ကိုတော့ ဗြိတိန် အခြေစိုက် Archaeological Science ဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - Mail Online 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။