ဗဟိုအမေရိက ပြောင်းရွှေ့လာသူတွေဟာ အမေရိကန်နယ်စပ်ဘက်ကို အတင်းဝင်ရောက်ခဲ့တဲ့ဖြစ်ရပ်တွေဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေပါတယ်။
ဒီဖြစ်ရပ်ကြောင့်ပဲ မက္ကဆီကို အာဏာပိုင်တွေဟာ ရွှေ့ပြောင်းလာသူ ၁၀၀ နီးပါးကို တီဝါနာမြို့ဆီပြန်လည်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။
မက္ကဆီကိုပြည်ထဲရေးဝန်ကြီးကတော့ ပြောင်းရွှေ့လာသူတဦး နောက်တွဲယာဉ်ပေါ် တက်ရာကနေ ပြုတ်ကျခဲ့ပြီး နောက်တဦးကတော့ ကားကြိတ်ခံခဲ့ရပါတယ်။
ဒါပေမယ့် သက်ကြီးရွယ်အိုတွေ ၊ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး၊ ဒါကြောင့် အကြမ်းဖက်တဲ့ ရွှေ့ပြောင်းသူ ၁၀၀ လောက်ကို တီဝါနာကို ပြန်ပို့လိုက်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
အကြမ်းဖက်သူတွေကို ပို့ခဲ့တဲ့ တီဝါနာမြို့မှာလည်း နယ်စပ်ဖြတ်ကျော်မှုကို အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေချထားပြီး တားဆီးနေရတယ်လို့သိရပါတယ်။
ဒါ့အပြင် တာဝန်ရှိသူတွေအနေနဲ့လည်း အခုလိုကိစ္စတွေကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့အတွက် ကျိုးစားပြီး နည်းလမ်းရှာနေတယ်လို့သိရပါတယ်။
source -dvb
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။