နေ့စဉ်နီးပါးဖြစ်ပေါ်လျှက်ရှိတဲ့ ယာဉ်တိုက်မှုနဲ့ ယာဉ်တိမ်းမှောက်မှုသတင်းတွေကိုတော့ ပရိသတ်တွေလည်း မကြာခဏဆိုသလို ကြားသိနေကြမယ်ထင်ပါတယ်။ ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုအများစုတွင် ယာဉ်မောင်းသူတွေရဲ့ စည်းကမ်းမဲ့မောင်းနှင်မှုတွေကြောင့် အဖြစ်များခဲ့ရတာတွေ့ရပါတယ်။ နိုဝင်ဘာလ ၂၉ရက်နေ့ ဒီကနေ့နံနက်ပိုင်းတွင်လည်း ပျင်းထန်တဲ့ယာဉ်တိုက်မှုကြီးတစ်ခုကတော့ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ ယာဉ်တိုက်မှုကြီးကတော့ ပြင်ဦးလွင်မြို့ မြိုင်ကြီးနတ်စင်အပေါ်ရေသရောက် ကုန်းကျေးရွာ ရေသရောက်ကုန်းအနီးဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဉ်မှာ ကုန်အပြည့်တင်လာသော တွဲကားတစ်စီး ဘရိတ်ပေါက်ကာ အရှိန်လွန်ပြီး ရေသရောက်ကုန်းအနီးရှိ လက်ဖက်ရည်ဆိုင်နှင့် ဆိုင်ဘေးနားတွင် ရပ်တန့်ထားသော ကားတစ်စီးအား တိုက်မိခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်အတွင်း လက်ဖက်ရည်သောက်နေသူတစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ၎င်းသေဆုံးသူကတော့ ကျက်တက်ကုန်းကျေးရွာသားတစ်ဦးဖြစ်ကြောင်း သိရပါတယ်။ မကြာခဏဖြစ်ပေါ်နေတဲ့ ယာဉ်တိုက်မှုတွေထဲမှာ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ ဒီကနေ့ ပြင်ဦးလွင်မြို့က ယာဉ်တိုက်မှုပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Naing Min Tun/Tin Kyaw Kyaw Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။