တောင်ကိုရီးယားနိုင်ငံဟာ 1960 ခုနှစ်လောက်ကစပြီး TV Series တွေ စတင်ထုတ်လွှင့် သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့ အနုပညာတွေကြောင့် အခုဆို ကိုရီးယားဇာတ်လမ်းတွဲတွေကို တစ်ကမ္ဘာလုံးက အားပေးလက်ခံနေကြသည်အထိ အောင်မြင်ကျော်ကြားလာခဲ့ပါတယ် ။ အားပေးတဲ့ Fan တွေများပြီး Idol အဖြစ် သတ်မှတ်ခံရတဲ့ နာမည်ကြီးကိုရီးယား မင်းသမီး တွေလည်း အများအပြားရှိပါတယ် ။ တောင်ကိုရီးယားမင်းသမီးတွေအနေနဲ့ ဝင်ငွေပမာဏ အရမ်းများပြီး Episode တစ်ခုချင်းစီအတွက် ရရှိတဲ့ ဝင်ငွေပမာဏကတော့ အံ့သြလောက် စရာပါဘဲ ။ အဲ့ဒါကြောင့် တောင်ကိုရီးယားနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး မင်းသမီး ၁၀ ယောက် ကို ဖော်ပြပေးလိုက်ပါတယ် ။

(1) Jun Ji-hyun ($83.9 K)

သူမဟာ ကိုရီးယားနိုင်ငံရဲ့ ဝင်ငွေအကောင်းဆုံး ကြေးအကြီးဆုံးမင်းသမီးတစ်ယောက်ဖြစ်ပြီး အရမ်းကိုဆွဲဆောင်မှုရှိပြီး လှပတဲ့ သူမရဲ့အလှတွေကြောင့် နာမည်ကြီးလာခဲ့တာပါ ။ ဇာတ်လမ်းတွဲ ရိုက်ကူးမှုတွေမှာ Episode တစ်ခုကို $83.9 K ရရှိတဲ့ ကိုရီးယားနိုင်ငံရဲ့ အနုပညာကြေးအများဆုံးမင်းသမီးတစ်ယောက်ဖြစ်ပါတယ် ။ သူမရိုက်ကူးခဲ့တဲ့ " My love from the star " ဆိုတဲ့ဇာတ်လမ်းတွဲဟာ လူကြိုက်အများဆုံးနဲ့ ဝင်ငွေအကောင်းဆုံး စံချိန်ချိုးခဲ့တဲ့ ကားတစ်ကားဖြစ်ခဲ့ပါတယ် ။ "My Sassy Girl" ဆိုတဲ့ဇာတ်လမ်းတွဲကလည်း သူမကို  အချမ်းသာဆုံးကိုရီးယားမင်းသမီး တစ်ယောက်ရဲ့ဝင်ငွေရရှိဖို့ အထောက်အပံ့ပေး ခဲ့တဲ့ကား ဖြစ်ပါတယ် ။

(2) Lee Young Ae ($83500 – Each Episode)

မြန်မာနိုင်ငံမှာပြသခဲ့တဲ့ နန်းတွင်းကားတစ်ကားမှာ ချန်ဂင်ဆိုပြီးပရိသတ်တွေ သိခဲ့တဲ့ လီယောင်အေးကတော့ ရုပ်ရည်ချောမောလှပပြီး သရုပ်ဆောင်ကောင်းမှုကြောင့် သူမရဲ့ သရုပ်ဆောင်ကြေးဟာ Episode တစ်ခုအတွက် $83500 ထိရရှိတဲ့ထိပ်တန်းမင်းသမီး တစ်လက်ပါ ။ 2011 ခုနှစ်မှာ လက်ထက်ခဲ့ပြီး ကလေးနှစ်ယောက်ရတဲ့နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပေမယ့် ပရိသတ်တွေကတော့ သူမကို ဇာတ်လမ်းတွဲတွေ ပြန်ရိုက်ဖို့မျှော်လင့်နေကြပါတယ် ။

(3) Ha Ji Won ($42K – Each Episode)

ဒရမ်မာကားနဲ့ လျှို့ဝှက်ဇာတ်လမ်းတွေ မှာ လူသိများပြီး သူမဟာ အလွန်ထူးချွန်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ် ။ အက်ရှင် , ဟာသ, သရဲကား , ဒရာမာ, နှင့်အားကစား စတဲ့ အမျိုးမျိုးသောကျွမ်းကျင်မှုနှင့်အတူ ဘက်စုံထူးချွန်တဲ့မင်းသမီးတစ်လက် ဘဲဖြစ်ပါ တယ် ။ သူမဟာ Episode တစ်ခုအတွက် $ 42K ရရှိတဲ့ အနုပညာကြေးမြင့်မင်းသမီး တစ် ယောက်ဘဲဖြစ်ပါတယ် ။

(4) Choi Ji Woo ($41,800 – Each Episode)

အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ချွဲဂျီဝန်လို့ခေါ်တဲ့မင်းသမီးကတော့ အသက်ရွယ်နဲ့မလိုက် အောင် လှပနုပျိုပြီး ပြီးပြည့်စုံတဲ့မင်းသမီးတစ်လက်ဖြစ်ပြီး သူမရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲ တွေက ပရိသတ်အားပေးမှုအများပြားရရှိခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးဖြစ် ပါ တယ် ။ သူမဟာ Episode တစ်ခုအတွက် $41800 ရရှိတဲ့မင်းသမီးဖြစ်ပါတယ် ။

(5) Song Hye Kyo ($41,800 – Each Episode)

ဆောင်းဟေကို ဟာ ရင်သပ်ရှုမောဖွယ် အပြစ်ကင်းတဲ့အလှတရားတွေကြောင့် ကမ္ဘာ့ဆွဲ ဆောင်မှုအရှိဆုံးနဲ့ ကိုရီးယားရဲ့အလှပဆုံးမင်းသမီး အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါ တယ် ။ သူမရဲ့ ဝင်ငွေကတော့ episode တစ်ခုအတွက် ဒေါ်လာ 41800 ရရှိတယ် လို့သိရပါ တယ် ။

(6) Kim Tae Hee ($33,400 – Each Episode)

ကင်တေဟီးကို တောင်ကိုရီးယား မှာ 29 မတ်လ 1980 ခုနှစ်ရက်နေ့မှာ မွေးဖွားခဲ့ပြီး သူမရဲ့ Stairway to Heaven (2003), Love Story in Harvard (2004), Iris (2009), My Princess (2011), and Yong-pal (2015) ဇာတ်ကားတွေဟာ သူမရဲ့ အောင်မြင်ကျော်ကြား ခဲ့တဲ့ ကားတွေဖြစ်ပြီး သူမဟာ ဒ၇မ်မာကားတွေရိုက်ဖို့ ကြေးကြီးပေးပြီး ကမ်းလှမ်းခံရတဲ့ အပြင် သူမဟာ အလှတရားတွေအများကြီးနဲ့အတူလူသိများမော်ဒယ်ဖြစ်ပါတယ်။

(7) Gong Hyo Jin ($33,400 – Each Episode)

သူမဟာ ဒရမ်မာကားတွေ မှာအရမ်းကို ပီပြင်တဲ့မင်းသမီးတစ်လက်ဖြစ်တဲ့အတွက် ပရိသတ်တွေတော်တော်များများ။ ကြိုက်ကြတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ် ။ သူမဟာ episode တစ်ခုချင်းအတွက် $33400 ရရှိတယ်လို့သိရပါတယ် ။

(8)Shin Min Ah ($25,000- Each Episode)

သူမဟာ ချစ်စရာကောင်းပြီး ဒရမ်မာကားတွေနဲ့နာမည်ကြီးလာတဲ့မင်းသမီးတစ်ယောက်ဖြစ်ပြီး သူမရိုက်ကူးခဲ့တဲ့ A Love to Kill (2005), My Girlfriend Is a Nine-Tailed Fox (2010), Arang and the Magistrate (2012), and Oh My Venus (2015). She starts her career in the year 2001 တွေမှာ အောင်မြင်ကျော်ကြားလူသိများခဲ့တာဘဲ ဖြစ်ပါတယ် ။သူမဟာ ကိုရီးယားနိုင်ငံရဲ့ ကျော်ကြားတဲ့ မော်ဒယ်လ်တစ်ယောက်ဘဲဖြစ်ပါတယ် ။ သူမရဲ့ episode တစ်ခုချင်းဆီအတွက် အနုပညာကြေးက $ 25000 ဖြစ်ပါတယ် ။

(9) Park Bo Young ($25,000 – Each Episode)

ပတ်ဘိုယောင်းကို feb 12 ရက်နေ့ 1990 မှာမွေးဖွားခဲ့တာဖြစ်ပြီး သူမဟာ တောင်ကိုရီးယား မှာ သာမက ကမ္ဘာတစ်ဝှမ်းကပါ လူကြိုက်များတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ် ။. 2006 ခုနှစ်မှာ အနုပညာလောက ထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး သူမရဲ့ငယ်စဉ်ကလေး ဘဝက ပုံကို လူမှုကွန်ယက်စာမျက်နှာမှာတင်ခဲ့ရာကနေ short flim ရိုက်ကူးဖို့ ကမ်း လှမ်း ခံ့ခဲ့ရတာဖြစ်ပါတယ် ။ အခုလက်ရှိမှာတော့ အောင်မြင်တဲ့ မင်းသမီးတစ်လက် ဖြစ်ပြီး သူမရဲ့ဝင်ငွေဟာ episode တစ်ခုစီအတွက် $25000 ဖြစ်ပါတယ် ။

(10) Park Shin Hye ($16,700 – Each Episode)

ကိုရီးယားပရိသတ်တွေကြားမှာ ကျော်ကြားတဲ့မင်းသမီး ပတ်ရှင်ဟေးကတော့ သူမ အသက် 13 နှစ်အရွယ်ထဲက အနုပညာလောက ထဲကို စတင်ဝင်ရောက်လာခဲ့ တာဖြစ်ပါ တယ် ။ သူမရဲ့ဝင်ငွေဟာ episode တစ်ခုအတက် $ 16700 ရရှိပါတယ် ။

Source : foxnewspoint.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။