အာဖဂန်နစ္စတန်နိုင်ငံ ဟဲလ်မန့်ပြည်နယ်ကိုတော့ အမေရိကန်ဟာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့်တော့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ အရပ်သား ၃၀ ကျော်လောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကိုတော့ နေတိုးတပ်ဖွဲ့ကဦးဆောင်ခဲ့ပြီး သူတို့ဟာ ဂမ်ဆီယာခရီုင်ထဲမှာရှိတဲ့ ဝင်းတခုကတေ တာလီဘန်တွေရဲ့ ပစ်ခတ်တာကို ခံခဲ့ရပါတယ် ဒါကြောင့် လေကြောင်းကနေတိုက်ခိုက်ဖို့အကူအညီတောင်းခဲ့ပါတယ်။ သို့ပေမယ့် သူတို့ဟာ ဒီဝင်းအနီးမှာ အရပ်သားတွေရှိနေတာကို မသိရှိခဲ့ဘူးလို့ပြောကြားခဲ့ပါတယ်။  

ဟဲလ်မန့်ပြည်နယ်ရဲ့အုပ်ချုပ်ရေးမှူးကတော့ နေတိုးတပ်ဖွဲ့ရဲ့လေကြောင်းအကူအညီဟာ အရပ်သားတွေသာမကဘဲ တာလီဘန်စစ်သားတွေကိုပါ သေဆုံးစေခဲ့တယ်လို့ပြောကြားခဲ့ရပါတယ်။

ဒါ့အပြင် ဒီသေဆုံးမှုဟာ တာဘီဘန်တွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း ပါဝင်လုပ်ဆောင်ဖို့ရည်ရွယ်ပြီးလုပ်တဲ့ စစ်ပွဲအတွင်းထိခိုက်သေဆုံးမှုဖြစ်တယ်လို့လည်းသိရပါတယ်။  

source - Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။