အမေရိကန်နိုင်ငံ နယူးရောက်မြို့တော်မှာနေထိုင်တဲ့အမျိုးသားတစ်ဦးဟာ အိပ်နေရင်းလမ်းထလျှောက်တဲ့အတွက် ၈ လွှာတိုက်ခန်းရဲ့ပြတင်းပေါက်ကနေပြုတ်ကျခဲ့တယ်လို့သိရပါတယ်။ထိုအမျိုးသားကတော့ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရွယ်ဒီဖိုသီစိန်းဖြစ်တယ်လို့သိရပါတယ်။ သူရဲ့ကံဇာတာတွေ ကကောင်းမွန်နေတဲ့အချိန်လို့ပဲပြောရမလား သေကံမပါသေးတာလို့ပဲပြောရမလား ပြုတ်ကျခဲ့တဲ့ထိုအမျိုးသားကတော့ အသက်သေဆုံးခဲ့ခြင်းမရှိပါဘူး။

၎င်းအမျိုုုသားရဲ့ဆိုးရွားလှတဲ့ အကျင့်တစ်ခုက အိပ်နေရင်းနဲ့ လမ်းထလျှောက်တတ်တာဖြစ်ပြီး ထိုအကျင့်ကြောင့်ပဲ အခုလိုအဖြစ်ဆိုးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့လဲသိရပါတယ်။ မနက်ခင်း ၅နာရီလောက်မှာဖြစ်ပွားခဲ့တဲ့ ဒီမတော်တဆမှုအတွက် ထိုအမျိုးသားကို မီးသတ်တပ်ဖွဲ့နဲ့ အရေးပေါ်ကယ်ဆယ်ရေးသမားတွေငြမ်းဆင်ပြီး ကယ်ဆယ်ပေးခဲ့ရတယ်လို့လဲသိရပါတယ်။ပြတင်းတံခါးပေါက်ကနေ တဖြည်းဖြည်းချင်းသွားတဲ့ သူ့ကို အောက်ထပ်ခြောက်လွှာကနေ မီးသတ်သမားတွေက ငြမ်းတွေပြင်ဆင်ပေးကာထိုအမျိုးအသားကိုပြင်းပြင်းထန်ထန်ဒဏ်ရာမရအောင်ကူညီပေးခဲ့ပြီး သူဆင်းသက်ခဲ့တဲ့ ၈လွှာ ပြတင်းပေါက်ကနေပဲပြန်ဆွဲထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါအမျိုးသားဟာ ယင်းကဲ့သို့ ဆိုးရွားလှပြီး အံအားသင့်စရာကောင်း လောက်တဲ့ အမူအကျင့်မျိုးရှိတတ်သဖြင့် ပုံမှန်အိပ်ချိန်တွေမှာဆိုရင် အိပ်ဆေးသောက်ပြီး အိပ်ရ လေ့ရှိတယ်လို့သိရပါတယ်

ရှစ်ထပ်တိုက်ပေါ်ကနေ ဆင်းခဲ့ပေမယ့် ကံသီခဲ့လို့ ခြေလက်ကျိုးရုံ၊ ပွန်းပဲရုံဖြစ်သွားခဲ့လို့ ဆေးရုံတက် ရောက် ဆေးဝါးကုသမှုခံယူနေရပေ မယ့် နောက်ထပ်တစ်ကြိမ်မှာတော့ ဒီလောက်ကံကောင်းနိုင် လိမ့် မှာ မဟုတ်တော့ဘူးလို့လည်း ညီဖြစ်သူကပြောကြားထားတယ်လို့လဲသိရပါတယ်။ ပရိတ်သတ်တွေသိရှိနိုင်စေဖို့ဒီသတင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

source - Kypnp

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။